ဟားခါးမြို့နယ် Buanlung ရွာမှာ CDF တပ်ဖွဲ့ရဲ့ကားတစ်စီး ပေါက်ကွဲမှုဖြစ်လို့ ကလေး ၂ ယောက် သေဆုံး၊ ၄ ယောက်ဒဏ်ရာ ရရှိ

ဟားခါးမြို့နယ် Buanlung ရွာမှာ CDF တပ်ဖွဲ့ရဲ့ကားတစ်စီး ပေါက်ကွဲမှုဖြစ်လို့ ကလေး ၂ ယောက် သေဆုံး၊ ၄ ယောက်ဒဏ်ရာ ရရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က Buanlung ရွာမှာ မနေ့ မတ်လ ၁၀ ရက်က CDF-SenThang  တပ်ဖွဲ့ရဲ့ကားတစ်စီး ပေါ်မှာ ကလေးတွေဆော့ကစားရင်း ပေါက်ကွဲမှု ဖြစ်ပွားလို့ ယောကျာ်းသား ကလေး၂ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာ ရရှိတယ်လို့ ဒေသအခြေစိုက် သတင်းဌာန The Chin Post က ဖော်ပြထားပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ မတ်လ ၁၀ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်မှာ CDF-SenThang အဖွဲ့ရဲ့ ကားတစ်စီးဟာ ဟားခါးမြို့နယ် Buanlung ရွာမှာ အလုပ်ကိစ္စနဲ့ ရောက်လာတာဖြစ်ပြီး ကားပေါ်ကလူတွေ အကုန်ဆင်းပြီးတဲ့ အချိန်မှာ ရွာက ကလေးတွေက ကားပေါ်တက်ပြီး ကားပေါ်မှာနေတဲ့ အချိန်မှာဘဲ ပေါက်ကွဲမှုက ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

မော်တော်ယာဉ်ကား ပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ် နှစ်ဦးဟာ အသက် ၁၃ နှစ် အရွယ်ခန့်သာ ရှိကြပြီး တစ်ယာက်ကတော့ ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီး သေဆုံးပြီး ကျန်တစ်ယောက်က ဆေးရုံသယ်ဆောင်သွားတဲ့ လမ်းမှာ သေဆုံးကြောင်း သိရပါတယ်။

ဟားခါးမြို့နယ်၊ Buanlung ရွာကို စစ်ကောင်စီတပ်က လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အသက် ၆ နှစ်အရွယ် ယောကျာ်းသားကလေး နှစ်ယောက် သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...
April 21, 2026
ချင်းပြည်သူလူထု နဲ့ အာရက္ခပြည်သူတွေအကြား အပြန်အလှန်အကျိုးပြုနိုင်မယ့် ကိစ္စတွေ...