“စစ်တပ်က ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာက အရိုင်းအဆိုင်းနဲ့တူတယ်”

“စစ်တပ်က ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာက အရိုင်းအဆိုင်းနဲ့တူတယ်”
“စစ်တပ်က ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာက အရိုင်းအဆိုင်းနဲ့တူတယ်”
“စစ်တပ်က ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာက အရိုင်းအဆိုင်းနဲ့တူတယ်”

စဝ်ဟန်ယောင်ဟွေသည် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်နှင့် သျှမ်းပြည်တပ်မတော် SSA ကို စတင်တည်ထောင်သူ စဝ်နန်းဟိန်းခမ်းတို့၏ သားဖြစ်ပြီး ၁၉၉၇ ခုနှစ်က ဖွဲ့စည်းခဲ့သည့် မြန်မာ့ဒီမိုကရေစီ တိုးတက်ရေး ဥရောပရုံး (Euro-Burma Office) ၏ ဒါရိုက်တာအဖြစ်လည်း တာဝန်ယူထားသည်။

မေး။ ။ စစ်အာဏာသိမ်းပြီး ၃ နှစ်အတွင်းမှာ ပြည်တွင်းစစ်မီး တောက်လောင်ပြီး ပြည်သူအများအပြားက အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတာ ဖြစ်လာတယ်။ စစ်ကောင်စီက အာဏာသိမ်းတဲ့အပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေရှိတယ်၊ ကမ္ဘာကြီးက အဲ့ဒီအပေါ်မှာ ဘယ်လိုအမြင်မျိုး ရှိလဲဆိုတာ စဝ်ဟန်အနေနဲ့ ဘယ်လိုမျိုး ထင်မြင်မိပါသလဲ။

ဖြေ။ ။ မြန်မာစစ်တပ်ကို ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲလုပ်တာက တရားမျှတမှုနဲ့ မှန်ကန်မှု မရှိဘူးလို့ အကြောင်းပြပြီး တရားမျှတမှုအတွက် အာဏာသိမ်းတယ်လို့ ပြောတယ်ပေါ့။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အချိန်မှာပဲ သူတို့ကိုယ်တိုင် ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ဖျက်ဆီးလိုက်ပြီ။

ပထမတစ်ချက်က သူတို့ပြောတဲ့ တရားမျှတမှု မရှိတာကို ရှိအောင်လုပ်ပေးမယ် ဆိုတာက သူတို့လုပ်လိုက်တာသည် မတရားမှု ဖြစ်နေပြီ။ မတရားမှုကို တရားမျှတမှု ဖြစ်အောင် လုပ်လို့မရဘူး။ နောက်တစ်ချက်က မတရားမှုကို ပြန်ပြီး ပြုပြင်တည့်မတ်ဖို့ဆိုရင်လည်း အာဏာသိမ်းတာ မဟုတ်ဘဲနဲ့ တခြားပြောင်းလဲလို့ ရတာတွေ ရှိပါတယ်။

စစ်တပ်အာဏာသိမ်းတုန်းကလည်း ပြည်သူတွေ လက်မခံခဲ့ကြဘူး။ ဒါကို တစ်နိုင်ငံလုံးက နေရာတိုင်းမှာ တွေ့နိုင်တာပဲ။ စစ်တပ်က မှားနေပါတယ်လို့ ပြည်သူတွေက သူတို့ရဲ့ ဆန္ဒကို ထုတ်ဖေါ်ထားတာကြောင့် တကယ်တမ်း စစ်တပ်က အလျော့ပေးရမှာ။ စစ်တပ်က ဘယ်နေရာမှာ မှားနေလဲဆိုတာ သူတို့ကိုယ်တိုင် ပြန်သုံးသပ်ရမှာ၊ ဒါလည်း စစ်တပ်က မလုပ်ဘူး။

မလုပ်တဲ့အပြင်ကို သူ့ဘက်မပါဘူးလို့ ထင်တဲ့လူမှန်သမျှကို ဖမ်းဆီးထောင်ချတယ်၊ ကိုယ့်ကိုယ်ကို ပြန်ခုခံတဲ့ လူတွေဆိုရင်လည်း စစ်တပ်က သတ်ဖြတ်မှု ကျူးလွန်တယ်။ ဒါက အကြမ်းနည်းနဲ့ လုပ်တာ။ ပြည်သူလူထုနဲ့ ပြည်ထောင်စုကြီးကို အကာအကွယ်ပေးတဲ့ စစ်တပ်မဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ စစ်တပ်အဆင့်ပဲ ဖြစ်သွားပြီ။ သူတို့နောက် လိုက်မလုပ်ရင် ကိုယ့်ကိုလည်း သူတို့က သတ်မှာပဲ။ ဒါကြောင့်လည်း ပြည်သူတွေက ဒါကိုပြန်ပြီးတော့ ခုခံတော်လှန်လာကြတယ်။

အခုက စစ်ကောင်စီရဲ့ မတရားမှုတွေကို တိုင်းရင်းသားတွေပဲ မဟုတ်တော့ဘူး၊ တနိုင်ငံလုံးက ခုခံတော်လှန်လာကြပြီ။ ဒါကြောင့်လည်း နိုင်ငံက တော်တော်လေးကို ပျက်စီးသွားပြီ၊ ပြန်လည်ထူထောင်ရေး လုပ်ဖို့က မလွယ်သေးဘူး။ စစ်တပ်က ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာက အရိုင်းအစိုင်းနဲ့ တူတယ်၊ ဒါမျိုးက ဘယ်သူမှ လက်မခံနိုင်တဲ့ အနေအထားမှာ ရှိတယ်။

Most read this week

May 18, 2024
သျှမ်းတောင်၊ ရွာငံမြို့နယ်တွင်ကျေးရွာ ဥက္ကဌ အပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးကို...
May 17, 2024
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်တွေကြောင့်...
May 17, 2024
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် မပေါက်ကွဲသည့် ဗုံးကို သွားရောက်ထိမိရာမှ...
May 16, 2024
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ကရင်နီဘက်မှရောက်ရှိလာသည့် စစ်ရှောင်များ...