ရဲအရာရှိအပါဝင် ရဲတပ်သား (၅) ဦးကိုလက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဟားခါးက ထုတ်ပြန်

ရဲအရာရှိအပါဝင် ရဲတပ်သား (၅) ဦးကိုလက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဟားခါးက ထုတ်ပြန်

ချင်းပြည်နယ်ဟားခါးမြို့ (နတလ) မှာလုံခြုံရေးတာဝန်ယူတဲ့ ရဲအရာရှိအပါဝင် တပ်သား (၅) ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဟားခါးက ဒီကနေ့က ထုတ်ပြန်ထားပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဟားခါးက တာဝန်ရှိတဲ့ သူတစ်ဦးက  “မတ်လ ၆ ရက်နေ့ ညက မဟားခါး နတလ မှာလုံခြုံရေးတာဝန်ယူတဲ့ ရဲအရာအရှိအပါဝင် တပ်သားငါးယောက်ကို လက်နက်တွေနဲ့အပါ ဖမ်းဆီးရမိတယ်၊ သတ်ဖြတ်တာတွေ မလုပ်ဘူး ဒီတိုင်းဖမ်းဆီးထားမယ်” လို့လည်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သား တစ်ဦးလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက လက်နက်အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဟားခါး ဆီမှာ CDM လုပ်ခဲ့တာမျိုးရှိခဲ့ပြီး  အဆိုပါ တပ်သားကိုလည်း ဆုငွေချီးမြင့်ပေးခဲ့တာမျိုး ရှိခဲ့ကြောင်းလည်း သိရပါတယ်။

May 18, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha တပ်ဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး...
May 16, 2026
ကလေးမြို့၊ ကလေးအကျဉ်းထောင် (မော်လိုက်ကလေးအကျဉ်းထောင်) ရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ဟာ “...
May 15, 2026
အိန္ဒိယ - မြန်မာနယ်စပ်  ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိဒ်ခေါဒါရ်မြို့ကို စစ်ကောင်စီက...
May 14, 2026
CDF-Mindat ထိန်းချုပ်ထားတဲ့ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ်ကိုစစ်ကော်မရှင်တပ်က မေလ ၁၁ ရက်မှာ ၂...