Published
Friday, March 08, 2024
ရဲအရာရှိအပါဝင် ရဲတပ်သား (၅) ဦးကိုလက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဟားခါးက ထုတ်ပြန်
ချင်းပြည်နယ်ဟားခါးမြို့ (နတလ) မှာလုံခြုံရေးတာဝန်ယူတဲ့ ရဲအရာရှိအပါဝင် တပ်သား (၅) ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဟားခါးက ဒီကနေ့က ထုတ်ပြန်ထားပါတယ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဟားခါးက တာဝန်ရှိတဲ့ သူတစ်ဦးက “မတ်လ ၆ ရက်နေ့ ညက မဟားခါး နတလ မှာလုံခြုံရေးတာဝန်ယူတဲ့ ရဲအရာအရှိအပါဝင် တပ်သားငါးယောက်ကို လက်နက်တွေနဲ့အပါ ဖမ်းဆီးရမိတယ်၊ သတ်ဖြတ်တာတွေ မလုပ်ဘူး ဒီတိုင်းဖမ်းဆီးထားမယ်” လို့လည်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်သား တစ်ဦးလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက လက်နက်အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဟားခါး ဆီမှာ CDM လုပ်ခဲ့တာမျိုးရှိခဲ့ပြီး အဆိုပါ တပ်သားကိုလည်း ဆုငွေချီးမြင့်ပေးခဲ့တာမျိုး ရှိခဲ့ကြောင်းလည်း သိရပါတယ်။