စစ်မှုမထမ်းမနေရ အမိန့်ထုတ်ပြန်ချက်ကြောင့် ချင်းပြည်နယ်က လူငယ်တွေ နယ်စပ် ဘက်မှာ တိမ်းရှောင်ကြတယ်လို့သိရ

စစ်မှုမထမ်းမနေရ အမိန့်ထုတ်ပြန်ချက်ကြောင့် ချင်းပြည်နယ်က လူငယ်တွေ နယ်စပ် ဘက်မှာ တိမ်းရှောင်ကြတယ်လို့သိရ

စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေကို စစ်ကောင်စီ က ဥပဒေပြဌာန်းပြီးတဲ့နောက် ချင်းပြည်နယ်က ဒေသခံ လူငယ်တွေ နယ်စပ်ဘက်မှာတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

စစ်ကောင်စီဘက်က လွန်ခဲ့တဲ့လ ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ ၁၀ ရက်မှာကြေညာပြီးတဲ့နောက်မှာ ဟားခါးနဲ့ဖလမ်းဖက်က ဒေသခံ လူငယ်အချို့ဟာ အိန္ဒိယနိုင်ငံ နယ်စပ်ဘက်မှာတိမ်းရှောင်ကြတယ်လို့သိရပါတယ်။

“ အစက ကျနော် ရန်ကုန်မှာ ဂျပန်သင်တန်းတက်နေတယ်၊နိုင်ငံခြားထွက်ဖို့ပေါ့နော်၊စစ်တပ်က စစ်မှုထမ်းကြေညာတော့ ကျနော်လည်း ဟားခါးပြန်ပြီးတော့ မီဇိုရမ်မှာ သွားတာပေါ့န်ော် “ လို့ အမည်မဖော်သူတစ်ဦးကပြောတာပါ။

ချင်းပြည်နယ်က ဒေသခံလူငယ်တွေက စစ်ကောင်စီတပ်ရဲ့ လက်အောက်မှာတာဝန်မထမ်းဆောင်ချင်ကြဘူးလို့လည်းပြောနေကြပါတယ်။မိဘတွေကလည်း စစ်ကောင်စီဘက်မှာ သူ့သားသမီးတွေကိုမလုပ်ခိုင်းစေချင်ဘူးလို့လည်းဆိုပါတယ်။

“ကျမမှာ သားသုံးယောက်ရှိတယ်လေ၊သူတို့အသက်က ၂၀-၃၀ ကြား အရွယ်လောက်ရှိပြီလေ “ လို့ ဒေသခံ မိခင်တစ်ဦးကပြောပါတယ်။

အိန္ဒိယနဲ့မြန်မာအကြား နယ်စပ်ဖြစ်တဲ့ မီဇိုရမ်ပြည်နယ်ဖက် အများစု ထွက်ပြေးကြတာဖြစ်ပြီးတော့ လက်ရှိအတောအတွင်း တရက်ကို တိမ်းရှောင်သူ ဆယ်ကျော်ခန့်ရှိနိုင်တယ်လို့လည်းသိရပါတယ်။

ပြည်သူတိုင်း စစ်မှုထမ်းရန် ဆင့်ခေါ်ခွင့်ရှိသည့် အာဏာ စတင်ကျင့်သုံးရန်ယခင် နအဖ က ပြဋ္ဌာန်းခဲ့သည့် ဥပဒေအမှတ် ၂၇၊ ၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေ ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာထားပါတယ်။

May 18, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha တပ်ဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး...
May 16, 2026
ကလေးမြို့၊ ကလေးအကျဉ်းထောင် (မော်လိုက်ကလေးအကျဉ်းထောင်) ရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ဟာ “...
May 15, 2026
အိန္ဒိယ - မြန်မာနယ်စပ်  ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိဒ်ခေါဒါရ်မြို့ကို စစ်ကောင်စီက...
May 14, 2026
CDF-Mindat ထိန်းချုပ်ထားတဲ့ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ်ကိုစစ်ကော်မရှင်တပ်က မေလ ၁၁ ရက်မှာ ၂...