ပလက်ဝမြို့နယ်ဒေသတစ်ခုလုံး ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်မှုအောက်မှာ ဆက်ထားမည်

ပလက်ဝမြို့နယ်ဒေသတစ်ခုလုံး ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်မှုအောက်မှာ ဆက်ထားမည်

လုံခြုံရေးနဲ့ တည်ငြိမ်ရေးအာမခံချက်ရှိဖို့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ဒေသတစ်ခုလုံးဟာ  ရက္ခိုင့်တပ်တော် AA ရဲ့ ထိန်းချုပ်မှုအောက်မှာ ဆက်ထားမှာဖြစ်တဲ့ကြောင်း ယနေ့ မတ်လ (၄) ရက်နေ့ မှာကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော် (AA )ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ရက္ခိုင့်တပ်တော် AA  ပြောခွင့်ရသူ ဦးခိုင်သုခက “ပလက်ဝဒေသရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးအာမခံချက်ရှိဖို့အတွက် ပလက်ဝဒေသဟာ AA ရဲ့ထိန်းချုပ်မှုအောက်မှာ  ထပ်ပြီးတော့ရှိနေပါအုန်းမယ်။ ပလက်ဝဒေသဟာ လူမျိုးပေါင်းစုံစုပေါင်းနေထိုင်ကြရတဲ့ အတွက် လူမျိုးပေါင်းစုံရဲ့ လုံခြုံဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစီစဉ်ကောင်းတွေ ဆွဲပြီးတော့ အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးအစီအစဉ်တွေနဲ့ ကျွန်တော်တို့ လုပ်ဆောင်သွားဖို့ရှိပါတယ်” လို့ပြောပါတယ်။

ရက္ခိုင့်တပ်တော်AAက တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပလက်ဝဒေသ နဲ့ ပတ်သက်လို့ ချင်းလူမှုအဖွဲ့အစည်းတွေကို ပလက်ဝဒေသတစ်ခုတည်း စိုးရိမ်ပူပန်နေတာထက် ချင်းပြည်တပြည်လုံး လွတ်မြောက်ရေး ပိုမိုအာရုံစိုက်စေလိုတဲ့ကြောင်းကိုလည်း ရက္ခိုင့်တပ်တော်AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားပါတယ်။

ဦးခိုင်သုခက “လက်တွေ့အားဖြင့် ချင်းပြည်ရဲ့ မြို့တိုင်းမှာ စစ်ကောင်စီတပ်တွေဟာ ခိုင်ခိုင်မာမာနဲ့ အခြေပြုပြီးတော့ ရှိနေပါသေးတယ်။ ဆိုတော့ ချင်းပြည်လွတ်မြောက်အောင် အဲဒီစစ်ကောင်စီတွေကို အရင်တိုက်ထုတ်ဖို့လိုပါတယ်။ အဲဒီစစ်ကောင်စီတပ်တွေကို မတိုက်ဘဲနဲ့ ပလက်ဝဒေသ တစ်ခုတည်းကိုကြည့်ပြီးတော့ ကျန်တဲ့ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဟာ တော်လှန်ရေး လမ်းကြောင်းထဲက မလွဲချော်သွားဖို့ အထူးလိုအပ်နေပါတယ်။ ဆိုတော့ ချင်းအဖွဲ့အစည်းတွေနဲ့ ပလက်ဝဒေသကို စိုးရိမ်ပူပန်နေတဲ့သူတွေကို ပြောချင်တာက ပလက်ဝဒေသတစ်ခုတည်းကို စိုးရိမ်ပူပန်နေတာထက် ချင်းပြည်လွတ်မြောက်ရေးကို ပိုပြီးတော့အာရုံစိုက်သင့်တယ်လို့ ကျွန်တော်အနေနဲ့ အကြံပြုဖြေကြားလိုပါတယ်” လို့ဖြေကြားထားပါတယ်။

ရက္ခိုင့်တပ်တော်AA အနေနဲ့ ပလက်ဝဒေသကို အသက်တွေဘဝတွေ များစွာပေးဆပ်ပြီး ပြည်သူတွေ လွတ်မြောက်ဖို့တွက် ဆောင်ရွက်ပေးထားပြီးဖြစ်ပြီး ဒေသရဲ့ လုံခြုံရေး၊ အုပ်ချုပ်ရေး ကိစ္စတွေကို တရားဥပဒေရေးရာ ကိစ္စတွေ၊ လူမှုရေးသဟဇာတဖြစ်ဖို့ စီမံအုပ်ချုပ်ရေးကိစ္စတွေ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ စတဲ့ကိစ္စအဝဝကို ULA / AA အနေနဲ့ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ ရှိတဲ့ကြောင်း ဦးခိုင်သုခက ပြောပါတယ်။

ပလက်ဝဒေသက စစ်ကောင်စီစခန်းတွေကို ရက္ခိုင့်တပ်တော်AA က ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၄ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ပလက်ဝဒေသတစ်ခုလုံးကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ကြောင်းထုတ်ပြန်ကြေညာထားပါတယ်။

Photo Crd

April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...
April 21, 2026
ချင်းပြည်သူလူထု နဲ့ အာရက္ခပြည်သူတွေအကြား အပြန်အလှန်အကျိုးပြုနိုင်မယ့် ကိစ္စတွေ...