ညီနောင်မဟာမိတ် (၃)ဖွဲ့ နှင့် စစ်ကောင်စီကြား သျှမ်းမြောက်အပစ်ရပ်စဲရေး ထပ်မံဆွေးနွေး

ညီနောင်မဟာမိတ် (၃)ဖွဲ့ နှင့် စစ်ကောင်စီကြား သျှမ်းမြောက်အပစ်ရပ်စဲရေး ထပ်မံဆွေးနွေး

တရုတ် ကြားဝင်စေ့စပ်မှုဖြင့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့အကြား သျှမ်းပြည်မြောက်ပိုင်း အပစ်ရပ်စဲရေး ဆက်လက်ခိုင်မာရန်အတွက်  တရုတ်နိုင်ငံ ကူမင်းမြို့တွင် ထပ်မံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် သုံးဖွဲ့တို့ နယ်စပ်ကုန်သွယ်ရေး အပါအဝင် အခွန်ကောက်ခံမည့် ကိစ္စရပ်များကို တရုတ်နိုင်ငံ ကူမင်းမြို့တွင် မတ်လ ၁ ရက်မှ ၃ ရက်အထိ ထပ်မံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါကိစ္စရပ်များကို စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် သုံးဖွဲ့တို့က တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် သတင်းအရ  ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့်  MNDAA၊ TNLA၊ AA တို့ သိမ်းယူထားသည့်  သျှမ်းပြည် မြောက်ပိုင်း နယ်မြေနှင့် မြို့များကို ၎င်းတို့အပိုင်အဖြစ် စစ်ကောင်စီက အသိအမှတ်ပြုပေးခဲ့ပြီး၊ ကိုးကန့်ဒေသ ကို MNDAA က တရားဝင် အစိုးရအဖြစ်လည်းကောင်း၊  တရုတ်နိုင်ငံ၏ အကျိုးစီးပွားထိခိုက်မှုမှန်သမျှ ရှောင်ရှားပြီး ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။

ထို့အပြင် နှစ်ဖက်တပ်ဖွဲ့များအနေဖြင့် သဘောတူညီထားသည့် နယ်မြေများမှ ရှေ့ဆက်မတိုးဘဲ တပ်ခွာထားရန် နှင့် ချင်းရွှေဟော်တွင် စစ်ကောင်စီ၏ အကောက်ခွန်၊ ကုန်စည်စစ်ဆေးရေး၊ လူဝင်မှုကြီးကြပ်ရေးတို့ကို ထားရှိကာပူးတွဲ လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

တစ်ဖက်တွင် ညီနောင်ဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲရပ်ရန် စစ်ကောင်စီနှင့် သီးသန့်သဘောတူညီချက်မရှိဟု AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ယနေ့ မတ်လ ၄ ရက်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

“ဆွေးနွေးသဘောတူညီမှုပြုလုပ်ခဲ့ကြတာ မှန်ပါတယ်။ အခုထွက်ပေါ်နေတဲ့ သတင်းမှာ မှန်တာလည်းပါသလို၊ ကောလာဟလလည်း ပါတယ်။ အများသိတဲ့လျှို့ဝှက်ချက်ပေါ့။ တရုတ်နဲ့ထိစပ်နေတဲ့ သျှမ်းမြောက်ကုန်သွယ်ရေးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာ။ ဆွေးနွေးမှုက သျှမ်းမြောက်မှာရှိတဲ့ (AA) နဲ့ပဲ ဆိုင်တယ်။ ရခိုင်မှာရှိတဲ့ AA နဲ့မဆိုင်ဘူး” ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့မှ မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ၁၀၅ မိုင် စစ်ဗျူဟာကုန်းကို ၂၀၂၃ ဒီဇင်ဘာလ ၁၅ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့စလုံးက ပူးတွဲထိန်းချုပ်ထားကြောင်း သိရသည်။

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...