ချင်းပြည်နယ် ပလက်ဝမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ နှစ်ရက် ဆက်တိုက်ပစ်ခတ်လို့ ဒေသခံလူ ၅ ယောက်သေဆုံး

ချင်းပြည်နယ် ပလက်ဝမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ နှစ်ရက် ဆက်တိုက်ပစ်ခတ်လို့ ဒေသခံလူ ၅ ယောက်သေဆုံး

ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝမြို့ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားဖြင်းမရှိဘဲ နှစ်ရက်ဆက်တိုက် လေကြောင်းနဲ့ တိုက်ခိုက်တာ ခံရလို့ ဒေသခံလူ ၅ ယောက်ဟာ ပွဲချင်းပြီး သေဆုံးတယ်လို့ ဒေသခံအခြေစိုက်သတင်းဌာနက ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့၊ နှစ်ရက်ဆက်တိုက် ပလက်ဝမြို့ကို လေကြောင်းနဲ့ ဗုံးကြဲသည်သာမက စက်သေနတ်တို့နဲ့ အကြောင်းမရှိ ပစ်ခတ်တိုက်ခိုက်ကာ အသက် ဆယ်နှစ်အောက် ကလေး ၂ ယောက် အပါအဝင် လူ ၅ ယောက် သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့်ဘဲ ပလက်ဝမြို့က လူနေအိမ်သုံးလုံးနဲ့ ပလက်ဝနယ် နှစ်ခြင်းနယ် အဖွဲ့ရုံး အဆောက်အဦးလည်း ထိခိုက်ပျက်စီးတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ရက္ခိုင့်တပ်တော်( AA)က အပြီးသတ် သိမ်းပိုက်ခဲ့ကာ ထိန်းချုပ်ထားကြောင်း ကြေညာပြီးနောက် စစ်ကောင်စီတပ်က အခုလို တိုက်ပွဲမရှိဘဲ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...
April 21, 2026
ချင်းပြည်သူလူထု နဲ့ အာရက္ခပြည်သူတွေအကြား အပြန်အလှန်အကျိုးပြုနိုင်မယ့် ကိစ္စတွေ...