လေဆိပ်နဲ့နယ်စပ်ဂိတ်တွေမှာ နိုင်ငံခြားထွက်ခွင့်တွေ စိစစ်တားဆီးတာ ကန့်သတ်တာမျိုးတွေ မရှိဘူးလို့ထုတ်ပြန်

လေဆိပ်နဲ့နယ်စပ်ဂိတ်တွေမှာ နိုင်ငံခြားထွက်ခွင့်တွေ စိစစ်တားဆီးတာ ကန့်သတ်တာမျိုးတွေ မရှိဘူးလို့ထုတ်ပြန်

ပြည်သူ့စစ်မှုထမ်းဥပဒေ သတ်မှတ်ပြီးနောက်ပိုင်းရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်တွေနဲ့ နယ်စပ်ဂိတ်တွေကို စီစစ်တားဆီးဖို့ ညွှန်ကြားချက်တွေ၊ ကန့်သတ်ချက်တွေ ထုတ်ပြန်ဆောင်ရွက်ထားခြင်း မရှိဘဲ ယခင်အတိုင်း စနစ်တကျ ဝင် / ထွက် ခွင့်ဆောင်ရွက်ပေးလျှက်ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ရန်ကုန်လေဆိပ်မှာ ကြေညာထားပါတယ်။

နိုင်ငံခြားထွက်ခွာခွင့်တွေနဲ့ ပက်သက်လို့ စီစစ်တားဆီးတာတွေ ကန့်သတ်တာမျိုးတွေ ဆောင်ရွက်တာ မရှိဘူးလို့ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက (၂၀၂၄ ) ခုနှစ် ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှစတင်လို့ အာဏာတည်စေရမယ်လို့ ထုတ်ပြန်လိုက်ပြီး နောက်ပိုင်း ပြည်ပ ထွက်ခွာခွင့်တွေနဲ့ ပက်သက်လို့ ပြည်သူလူထုက စိုးရိမ်မှုတွေဖြစ်ပွားခဲ့ပါတယ်။

ပြည်ပအလုပ်အကိုင်အတွက် အလုပ်ကမ်းလှမ်းစာတွေကိုလည်း ပြန်လည်လက်ခံ ဆောင်ရွက်ပေးနေတယ်လို့ အလုပ်သမားဝန်ကြီးဌာနဘက်က တရားဝင်ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

Photo Crd

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...