မလေးရှားနိုင်ငံတွင် ချင်းလူမျိုး အယောက် ၃၀ ခန့် ဖမ်းဆီးခံရတယ်လို့ သိရ

မလေးရှားနိုင်ငံတွင် ချင်းလူမျိုး အယောက် ၃၀ ခန့် ဖမ်းဆီးခံရတယ်လို့ သိရ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာ တရားမဝင်နေထိုင်သူ ချင်းလူမျိုး အယောက် ၃၀ ဝန်းကျင်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ မလေးရှားနိုင်ငံ၊ အစိုးရတာဝန်ရှိသူတို့က ဖမ်းဆီးထိန်းသိမ်းတယ်လို့ မြန်မာလူမျိုး လူမှုကယ်ဆယ်ရေးအသင်း(မလေးရှား) အဖွဲ့ထံ သိရပါတယ်။

ကွာလာလမ်ပူမြို့၊ Pudu ဈေးဘေးက စင်္ကာပူဟိုတယ်နဲ့ ဘေးနားဝန်းကျင်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၇ နာရီ ဝန်းကျင်မှာ မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့နဲ့ လ. ဝ. က ရုံး တာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးရာက နိုင်ငံခြားသား အပါအဝင် ၂၆၃ ယောက်ကို ဖမ်းဆီးလိုက်ပြီး ၎င်းအနက် အယောက် ၅၀ မှာ မြန်မာလူမျိုးဖြစ်ကြကာ အယောက် ၃၀ ဝန်းကျင်က ချင်းလူမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ဖမ်းဆီးခံထားရတဲ့ တရားမဝင်နေထိုင်သူ ချင်းလူမျိုးအပါအဝင် ၂၆၃ ယောက်ကို မလေးရှားအစိုးရက ဘယ်လိုကိုင်တွယ်မယ်မှန်း မသိနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

June 8, 2026
အိန္ဒိယ - မြန်မာနယ်စပ် ကလေး - တမူးကားလမ်းကို စစ်ကောင်စီက နှစ်ဘက်ညှပ် ထိုးစစ်ဆင်လာတာကြောင့်...
June 8, 2026
ဇွန်လ ၇ ရက်နေ့ မနက် ၄ နာရီခွဲအချိန်မှာ တီးတိန်-ရိဒ်ခေါ်ဒါရ် နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ...
June 6, 2026
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို စစ်ကြောင်းထိုးလာတဲ့...
June 5, 2026
အာဏာသိမ်း သမ္မတဦးမင်းအောင်လှိုင် အိန္ဒိယ ခရီးစဉ်ပြီးတဲ့နောက်ပိုင်း အိန္ဒိယ -...