စစ်ကောင်စီလက်အောက်က BGF ခွဲထွက်ထားပေမယ့် လုံခြုံရေးဆိုင်ရာပူးပေါင်းအချို့ ရှိနေသေး

စစ်ကောင်စီလက်အောက်က BGF ခွဲထွက်ထားပေမယ့် လုံခြုံရေးဆိုင်ရာပူးပေါင်းအချို့ ရှိနေသေး

ကရင်နယ်ခြားစောင့်တပ် BGF ဟာ စစ်ကောင်စီလက်အောက်ကနေ ခွဲထွက်ထားပေမယ့် တပ်ဖွဲ့ဝင်တချို့ စစ်ကောင်စီတပ်နဲ့လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအချို့ ကျန်ရှိနေသေးတယ်လို့ မြေပြင်သတင်းရင်းမြစ် တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအလယ်ပိုင်းကစပြီး အာဏာသိမ်းစစ်တပ်လက်အောက်မှာရှိတဲ့ ကရင်နယ်ခြားစောင့်တပ်ဟာ ရုတ်ခြည်းဆိုသလို နှုတ်ထွက်လိုက်ပြီးနောက် စစ်ဆင်ရေးတွေမှာ ပူးပေါင်းဆောင်ရွက်မှု မလုပ်တော့ဘဲ လစာရိက္ခာစတဲ့ ခံစားခွင့်အရပ်ရပ်ကို မယူတော့တဲ့အကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့တာပါ။

ကရင် BGF နှုတ်ထွက်ရတဲ့အကြောင်းရပ်ဟာ ကရင်လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှုတွေ မပြုလုပ်ချင်တော့တဲ့အတွက် နှုတ်ထွက်ရတာဖြစ်တယ်လို့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက ပြောဆိုထားပါတယ်။

အဲဒီနောက်မှာတော့ ကရင် BGF တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီနဲ့အတူ စစ်ရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မရှိတော့ပေမယ့် BGF တပ်ဖွဲ့ဝင်တချို့ကတော့ စစ်ကောင်စီနဲ့အတူ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအချို့ ဆက်ရှိနေတာပါ။

ဖေဖော်ဝါရီ ၈ ရက်နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှာရှိတဲ့  ထီလုံ-တာပေါင်-ပတ-ကော့ကရိတ် (တံတားကျိုး)လမ်းဖွင့်ပွဲကို စစ်ကောင်စီခန့် ကရင်ဝန်ကြီးချုပ်နဲ့အတူ ကရင် BGF လည်း ပါဝင်တက်ရောက် လုံခြုံရေးယူခဲ့တာပါ။

အဲဒီလမ်းဖွင့်ပွဲကို စစ်ကောင်စီနဲ့အတူ ကရင်နယ်ခြာစောင့်တပ်နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့တွေက လုံခြုံရေးရယူဆောင်ရွက်ပေးခဲ့တာလို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဒါ့အပြင် ကရင် BGF တပ်ဟာ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အဝင်လုံခြုံရေး၊ နယ်စပ်ချက်ပွိုင့်ဂိတ်တွေ၊ ဘားအံ-သထုံ ကားလမ်းပေါ်ရှိ စစ်ကောင်စီရဲ့  ဝါးဘိုးတောဂိတ်စခန်းမှာ စစ်ကောင်စီနဲ့အတူ ပူးပေါင်းဆောင်ရွက်တာတွေ ဆက်လက်ရှိနေတုန်းပဲလို့ ဒေသတွင်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ပြီးခဲ့တဲ့လတုန်းက ကရင် BGF ရဲ့ နှုတ်ထွက်မှုအပေါ် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် ကရင်ပြည်နယ် ဘားအံမြို့အထိ လာရောက်တွေ့ဆုံပြီး နားချပြောဆို စည်းရုံးခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ပါဘူး။

ကရင်နယ်ခြားစောင့်တပ် BGF ဟာ တပ်နယ် ၄ နယ်၊ တပ်ရင်း ၁၃ ရင်းနဲ့ တပ်ဖွဲ့ဝင်အင်အား ၈၀၀၀ နီးပါး ရှိနေတယ်လို့ BGF ခေါင်းဆောင် စောချစ်သူကပြောဆိုထားပြီး လက်ရှိမှာလည်း တပ်ဖွဲ့ဝင်အ သစ်တွေ ထပ်မံစုဆောင်းနေတယ်လို့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Most read this week

December 18, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ...
Photo credit - MOI
December 17, 2025
နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း...
December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...
December 15, 2025
အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေး‌ကောက်ပွဲကနေ ပေါ်လာမယ့်...