တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ဒေသကို မွန်ပြည်နယ်က စစ်ကူအများအပြားပို့ဆောင်နေ

တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ဒေသကို မွန်ပြည်နယ်က စစ်ကူအများအပြားပို့ဆောင်နေ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နဲ့ သင်္ဃန်းညီနောင်ဒေသဘက်ကို မွန် ပြည်နယ်ကနေတဆင့် စစ်ကောင်စီတပ်က ယာဉ်တန်းအများအပြားနဲ့ တပ်အင်အားတွေ လာရောက်ပို့ဆောင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေအရ သိရပါတယ်။

မွန်ပြည်နယ်ဘက်ကနေတဆင့် ရောက်လာတဲ့ကား ၉ စီးထက်မနည်းပါတဲ့ စစ်ကောင်စီတပ် ကားတန်းဟာ စစ်ရေးပြင်းထန်နေတဲ့ ကော့ကရိတ်သင်္ဃန်းညီနောင်ဒေသဘက်ကို ဦးတည်ထွက်ခွာနေပြီး တပ်အင်အား လာရောက်ဖြည့်ဆည်းတာလို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

ကော့ကရိတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ၂ လကျော်ကြာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက်အကျအဆုံးရှိကာ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ပေါ်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ လေကြောင်းပစ်ခတ်မှုတွေအပြင် နေအိမ်မီးရှို့တာတွေလည်း ဆက်တိုက်လုပ်ဆောင်နေခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းရှိ သင်္ကန်းညီနောင် ရွာသစ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအ ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သလို သင်္ကန်းညီနောင်ကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ် ရဟတ် ယာဉ်တစ်စီးကိုလည်း ပူးပေါင်းတပ်ဖွဲ့တွေဘက်က ပစ်ချနိုင်ခဲ့ပါတယ်။

ကော့ကရိတ်မြို့ပေါ်တိုက်ပွဲကြောင့် ကော့ကရိတ်ဒေသခံပြည်သူ သောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက် ပြေးတိမ်းရှောင်နေခဲ့ရပြီး တိုက်ပွဲ ၂ လကျော်ကြာမြင့်လာတဲ့အထိ နေရပ်မပြန်နိုင်သေးဘဲ အခက် အခဲဒုက္ခတွေ အများကြီး ကြုံဆုံနေရတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကျိုက်ဒုံ၊ မိတန်၊ ပိုးရေး၊ မိနန်းအပ်စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ၂၀၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး အရေးပေါ်အကူအညီတွေ လို အပ်လျက်ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း ပြင်းထန်လာနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ကောင်စီရဲ့ စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်တားဆီးပိတ်ဆို့မှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်လာမှုတွေကြောင့် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

Most read this week

ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...
September 3, 2026
မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု...
September 3, 2026
စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း...
September 2, 2026
မွန်ပြည်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့သည် စစ်မှုထမ်း အကျုံးဝင်သည့်...