ပလက်ဝမြို့နယ်က တက္ကသိုလ်ဝင်တန်းကျောင်းသူ၊ ကျောင်းသားတွေအတွက် စစ်တွေမြို့မှာ စာစစ်ဌာနဖွင့်မယ်လို့ သတင်းထွက်ပေါ်

ပလက်ဝမြို့နယ်က တက္ကသိုလ်ဝင်တန်းကျောင်းသူ၊ ကျောင်းသားတွေအတွက် စစ်တွေမြို့မှာ စာစစ်ဌာနဖွင့်မယ်လို့ သတင်းထွက်ပေါ်

ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်က တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူတွေအတွက် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စာစစ်ဌာန ဖွင့်လှစ်ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပလက်ဝမြို့နယ်မှာ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲပေါင်း ၄၂ ကျောင်းရှိပြီး၊ စာစစ်ဌာန ၃ ခုမှာ နှစ်စဉ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ  ၁ ထောင်ဝန်းကျင် ဖြေဆိုလေ့ရှိခဲ့ပါတယ်။

ပလက်ဝမြို့နယ်ဒေသတစ်ခုလုံးကို ရက္ခိုင့်တပ်တော်AA ကသိမ်းပိုက်ခဲ့ပြီးနောက်ပြီး ပလက်ဝမြို့က အစိုးရဌာနဆိုင်ရာ ယန္တရားတွေ ရပ်ဆိုင်းခဲ့ရသည့်နည်းတူ စာစစ်ဌာနတွေလည်း ဖွင့်လှစ်နိုင်မှာ မဟုတ်တဲ့တွက် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူတွေ အခက်တွေ့နေရပါတယ်။

ပလက်ဝဒေသက ကျောင်းသား၊ ကျောင်းသူတွေအတွက် စစ်တွေမြို့မှာ စာစစ်ဌာနဖွင့်ပေးမယ်ဆိုတဲ့ သတင်းတွေအပြင် ရန်ကုန်၊ နေပြည်တော်ဘက်ရောက် ကျောင်းသူကျောင်းသား တွေအနေနဲ့ ရောက်ရာတွင် စာမေးပွဲ ဖြေဆိုနိုင်ဖို့ ချင်းပြည်နယ်အစိုးရတာဝန်ရှိသူတွေက ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သတင်းတွေ ထွက်နေတယ်လို့လည်း ပလက်ဝပညာရေးဝန်ထမ်းတွေ ပြောဆိုချက်အရ သိရပါတယ်။

ပလက်ဝမြို့နယ်မှာ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစနစ်ဟောင်းကို ဖြေဆိုအောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀၀၀ ကျော်ရှိခဲ့ပြီး ဒီနှစ်မှာ တိုက်ပွဲပဠိပက္ခ တွေကြောင့် ကျောင်းသားကျောင်းသူတွေအတွက်စနစ်သစ်သင်ရိုးဖြစ်တဲ့ပြင်စာသင်ကြားချိန်နည်းပါးတာတွေကြောင့်  အခက်ခဲများစွာရှိနေတယ်လို့ သိရပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...