ပလက်ဝမြို့နယ်က တက္ကသိုလ်ဝင်တန်းကျောင်းသူ၊ ကျောင်းသားတွေအတွက် စစ်တွေမြို့မှာ စာစစ်ဌာနဖွင့်မယ်လို့ သတင်းထွက်ပေါ်

ပလက်ဝမြို့နယ်က တက္ကသိုလ်ဝင်တန်းကျောင်းသူ၊ ကျောင်းသားတွေအတွက် စစ်တွေမြို့မှာ စာစစ်ဌာနဖွင့်မယ်လို့ သတင်းထွက်ပေါ်

ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်က တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူတွေအတွက် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စာစစ်ဌာန ဖွင့်လှစ်ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပလက်ဝမြို့နယ်မှာ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲပေါင်း ၄၂ ကျောင်းရှိပြီး၊ စာစစ်ဌာန ၃ ခုမှာ နှစ်စဉ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ  ၁ ထောင်ဝန်းကျင် ဖြေဆိုလေ့ရှိခဲ့ပါတယ်။

ပလက်ဝမြို့နယ်ဒေသတစ်ခုလုံးကို ရက္ခိုင့်တပ်တော်AA ကသိမ်းပိုက်ခဲ့ပြီးနောက်ပြီး ပလက်ဝမြို့က အစိုးရဌာနဆိုင်ရာ ယန္တရားတွေ ရပ်ဆိုင်းခဲ့ရသည့်နည်းတူ စာစစ်ဌာနတွေလည်း ဖွင့်လှစ်နိုင်မှာ မဟုတ်တဲ့တွက် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူတွေ အခက်တွေ့နေရပါတယ်။

ပလက်ဝဒေသက ကျောင်းသား၊ ကျောင်းသူတွေအတွက် စစ်တွေမြို့မှာ စာစစ်ဌာနဖွင့်ပေးမယ်ဆိုတဲ့ သတင်းတွေအပြင် ရန်ကုန်၊ နေပြည်တော်ဘက်ရောက် ကျောင်းသူကျောင်းသား တွေအနေနဲ့ ရောက်ရာတွင် စာမေးပွဲ ဖြေဆိုနိုင်ဖို့ ချင်းပြည်နယ်အစိုးရတာဝန်ရှိသူတွေက ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သတင်းတွေ ထွက်နေတယ်လို့လည်း ပလက်ဝပညာရေးဝန်ထမ်းတွေ ပြောဆိုချက်အရ သိရပါတယ်။

ပလက်ဝမြို့နယ်မှာ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစနစ်ဟောင်းကို ဖြေဆိုအောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀၀၀ ကျော်ရှိခဲ့ပြီး ဒီနှစ်မှာ တိုက်ပွဲပဠိပက္ခ တွေကြောင့် ကျောင်းသားကျောင်းသူတွေအတွက်စနစ်သစ်သင်ရိုးဖြစ်တဲ့ပြင်စာသင်ကြားချိန်နည်းပါးတာတွေကြောင့်  အခက်ခဲများစွာရှိနေတယ်လို့ သိရပါတယ်။

May 21, 2026
စစ်ကောင်စီတပ်ဖွဲ့ဟာ ချင်းပြည်နယ်အတွင်း  တားမြစ်ထားတဲ့ ပဒေသာဗုံး ( Cluster Bomb တွေနဲ့...
May 20, 2026
ချင်းပြည်အရေးပေါ် ကာကွယ်ရေး ရန်ပုံငွေအတွက် အရှေ့အလယ်ပိုင်းနိုင်ငံများ (Middle East)ကို...
May 19, 2026
ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်ဒေသတွေဖြစ်တဲ့ ကန်ပက်လက်၊ ကျောက်၊ ဆော နယ်အတွင်း...
May 18, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha တပ်ဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး...