စစ်ရဟတ်ယာဉ် ပစ်ချမှုမှာ ဗိုလ်မှူးချုပ်အပါအဝင် ၅ ဦး သေဆုံးတယ်လို့ KNU ထုတ်ပြန်

စစ်ရဟတ်ယာဉ် ပစ်ချမှုမှာ ဗိုလ်မှူးချုပ်အပါအဝင် ၅ ဦး သေဆုံးတယ်လို့ KNU ထုတ်ပြန်

ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ကန်းညီနောင်အနီး စစ်တပ်ရဟတ်ယာဉ်တစ်စီး ပစ်ချခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ညပိုင်းမှာ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်မှာ မွန်ပြည်နယ် မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ လာတဲ့ စစ်ကောင်စီတပ် အမှတ် ၃၂ ဗျူဟာပူးပေါင်းတပ်ဖွဲ့ လိုက်ပါလာတဲ့  Mi - 35P Attack Helicopter တစ်စီးနဲ့ Eurocopter 365 တစ်စီးတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ် ၂ စီးဟာ KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် မြဝတီမြို့ သင်္ကန်းညီနောင်အခြေစိုက် ခမရ ၃၅၆ တပ်ရင်းကို တာဝန်ချိန်းပြောင်းဖို့ လာရောက်တာဖြစ်ပြီး KNLA ပူးပေါင်းအဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ပစ်ခတ်ခဲ့ရာ  Eurocopter 365 ရဟတ်ယာဉ် တစ်စီး ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ချနိုင်ခဲ့တဲ့ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ကြီး ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

KNU က ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းဗီဒီယိုထဲမှာ ပျံသန်းလာတဲ့ စစ်ကောင်စီတပ် ရဟတ်ယာဉ်ကို KNLA ပူးပေါင်းအဖွဲ့တွေက ပွိုင့် ၅ စက်လက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကို တွေ့ရပြီး သေဆုံးသူတွေထဲမှာ ဗိုလ်မှူးချုပ်ဟာ တပ်မ ၄၄ တပ်မမှူးနဲ့ ဘီးလင်းမြို့အခြေစိုက် ခမရ ၉ တပ်ရင်းမှူးလည်း ပါဝင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်အရ သိရပါတယ်။

ဓာတ်ပုံ-CJ
April 27, 2026
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဗောဓိကမ်း-ညောင်ပင်ကွင်းကျေးရွာလမ်းပိုင်းမှာ စစ်ကော်မရှင်တပ်...
April 25, 2026
မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးသွားမယ်လို့...
ဓာတ်ပုံ-Social Media
April 24, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီတွေကို ဧပြီ ၂၂ ရက်နေ့ကစလို့ QR Code စနစ်နဲ့ စတင်ရောင်းချနေပြီလို့...
ဓာတ်ပုံ-CJ
April 23, 2026
ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေ ထပ်မံကြဲချနေသလို...