စစ်ကောင်စီရန်စမှုကို သည်းခံနေလို့ တိုက်ပွဲတွေ မကျယ်ပြန့်သွားတာလို့ ညီနောင်သုံးဖွဲ့ပြော

စစ်ကောင်စီရန်စမှုကို သည်းခံနေလို့ တိုက်ပွဲတွေ မကျယ်ပြန့်သွားတာလို့ ညီနောင်သုံးဖွဲ့ပြော
ဓာတ်ပုံ-TNLA
ဓာတ်ပုံ-TNLA

စစ်ကောင်စီဟာ ဟိုင်ဂင်သဘောတူညီမှုတွေကို ကျိုးပျက်စေလိုတဲ့ ရည်ရွယ်ချက်ရှိရှိ တမင်တကာ ရန်စမှုတွေ ပြုလုပ်နေတဲ့အပေါ် မိမိတို့အနေနဲ့ သည်းခံနေတာကြောင့် တိုက်ပွဲတွေ မကျယ်ပြန့်သွားတာလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ၈၈ ရက်မြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့အထိ ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ မလုပ်တော့ပေမယ့် စစ်ကောင်စီက လေကြောင်းနဲ့ မြေပြင်မှာ အလစ်ငိုက်စစ်ဆင်မှုကြောင့် တအောင်းဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ တအာင်းတပ်မတော် TNLA  ရှိရာ မိုးကုတ်နဲ့ မိုးမိတ်ကြား ၈ မိုင်သို့ “ဟိုင်ဂင်သ ဘောတူညီမှု”ကို ချိုးဖောက်ပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ပြောပါတယ်။

ရက္ခိုင်ဒေသမှာတော့ စစ်ကောင်စီရဲ့ ထပ်မံဖြည့်တင်းလာတဲ့ စစ်အင်အားတွေနဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေပြင်းထန်နေသလို ရက္ခိုင့်တပ်တော်က မဟာဗျူဟာကျစစ်ရေးလှုပ်ရှားရာ စစ်ကိုင်းတိုင်းမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ အသိပေးထားပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုအရ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကစလို့ ရှမ်းမြောက်ဒေသမှာ အပစ်ခတ်ရပ်စဲရေးအတွက် သဘောတူထားတာ ဖြစ်ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာတုံ့ပြန်လာခြင်း မရှိသေးပါဘူး။

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့ပေါင်း ၁၈ ထက်မနည်း ၊ စစ်ကောင်စီတပ်စခန်း အကြီးအငယ်ရာနဲ့ချီ တိုက်ခိုက်သိမ်းပိုက်ထားသလို စစ်ကောင်စီတပ်ဖွဲ့ ထောင်နဲ့ချီ လက် နက်ချ အညံ့ခံထားပါတယ်။

Most read this week

ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...
ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...
September 3, 2026
မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု...
September 3, 2026
စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း...