အိမ်နီးချင်းနိုင်ငံတွေသာမက ဥရောပနိုင်ငံတွေပါ ဝင်ငွေခွန်ကောက်ဖို့ စစ်ကောင်စီကြိုးပမ်းလာ

အိမ်နီးချင်းနိုင်ငံတွေသာမက ဥရောပနိုင်ငံတွေပါ ဝင်ငွေခွန်ကောက်ဖို့ စစ်ကောင်စီကြိုးပမ်းလာ
ဓာတ်ပုံ - Social Media
ဓာတ်ပုံ - Social Media

ဥရောပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေပါ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ လန်ဒန်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်လိုက်ပါတယ်။

အရင်က ထိုင်း၊ မလေးရှားနဲ့ စင်္ကာပူစတဲ့ နိုင်ငံတွေမှာသာ ဝင်ငွေခွန် ပေးဆောင်ရတာဖြစ်ပြီး အခုချိန်မှာတော့ စစ်ကောင်စီဟာ ဥရောပနိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ ဆွီဒင်၊ ဒိန်းမတ်နဲ့ အိုင်ယာလန်နိုင်ငံတွေက မြန်မာလုပ်သားတွေပါ ဝင်ငွေခွန် ပေးဆောင်ရမယ်လို့ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

မြန်မာနဲ့ ဗြိတိန်နှစ်နိုင်ငံတို့အကြား အခွန်နှစ်ထပ်ကျသင့်မှုမရှိစေရေး သဘောတူစာချုပ် (Double Taxation Agreement) အရ ဗြိတိန်နိုင်ငံမှာ ဝင်ငွေခွန်ထမ်းဆောင်ထားကြောင်း အထောက်အ ထား (P60) ပြသနိုင်ပါက ဝင်ငွေခွန် ထပ်မံပေးဆောင်ဖို့ မလိုအပ်ဘူးလို့ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

ဆွီဒင်၊ ဒိန်းမတ်နဲ့ အိုင်ယာလန် နိုင်ငံတွေက မြန်မာအလုပ်သမားတွေအနေဖြင့် အလုပ်အကိုင် အ မျိုးအစားအလိုက် ဝင်ငွေပေါ်မူတည်ပြီး ၂ ရာခိုင်နှုန်း ထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။

ဒါအပြင် ဝင်ငွေခွန်ကင်းရှင်ကြောင်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အထောက်အထားပြနိုင်မှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ ပျောက်ဆုံး/ပျက်ဆီးခြင်း၊ နိုင်ငံကူးလက်မှတ် အသစ်လျှောက်ခြင်းနဲ့ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) လျှောက်ထားခြင်းစတဲ့ ကောင်စစ်ဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်ပေးမယ်လို့ ဆိုထားပါတယ်။

လန်ဒန်မြို့ရှိ၊ မြန်မာသံရုံး အနေဖြင့် အခွန်ထမ်း ဆောင်သူတွေကို QR ကုဒ် အမှတ်အသားပါ "အ ခွန်ပေးသွင်းမှု အထောက်အထားလက်မှတ်" ထုတ်ပေးသွားမယ်လို့ သံရုံးကထုတ်ပြန်ထားပါတယ်။

အဲဒီ ဝင်ငွေခွန်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး သတ်မှတ်နှုန်းထားအ တိုင်း သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်စတဲ့ ကာလအတိုင်း ထမ်းဆောင်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို စစ်ကောင်စီ‌‌က ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေဆီက ဝင်ငွေခွန် ထမ်းဆောင်ရမယ်လို့ ကြေညာချက်ထုတ်ပြန်တဲ့အပေါ်  ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါသေးတယ်။

ဓာတ်ပုံ-YGF
February 4, 2026
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၅၉၁ ခြေမြန်တပ်ရင်းကို...
February 3, 2026
တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်...
February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...
January 31, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့...