တိုက်ပွဲကြောင့်ပလက်ဝမြို့ပေါ်နေပြည်သူအားလုံး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရ

တိုက်ပွဲကြောင့်ပလက်ဝမြို့ပေါ်နေပြည်သူအားလုံး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရ

တိုက်ပွဲကြောင့်ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နေဒေသခံပြည်သူ အားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတချို့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပလက်ဝမြို့ ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA)က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ထဲက အပြီးသတ်သိမ်းပိုက်ထားတယ်လို့ ပြောဆိုနေမှုတွေလည်း ရှိနေပြီး လက်ရှိ ပလက်ဝမြို့မှာ ဖုန်းလိုင်းတွေကလည်း ပြတ်တောက်နေပါတယ်။

တခြားဒေသဘက်ကို ရောက်နေတဲ့ ပလက်ဝဒေသခံတစ်ဦးက “အခုမြို့ထဲမှာ လူတွေက မရှိကြတော့ဘူး။ မြို့ထဲမှာ ရက္ခိုင့်တပ်တော်AA က နေရာယူ စိုးမိုးထားတယ်လို့လည်းကြားတယ် ရဲစခန်းကိုလည်း သိမ်းပိုက်ထားတယ်၊ ရဲတွေလည်း ခလရ ၂၈၉ တပ်ရင်းဘက်ကို ထွက်ပြေးသွားကြတယ်လို့ကြားတယ်” လို့ပြောပါတယ်။

လက်ရှိမှာလည်း ရက္ခိုင့်တပ်တော် AA က ပလက်ဝမြို့ရှိ စစ်ကောင်စီ ဗျူဟာကုန်းကြီးနဲ့ တပ်မစခန်းတွေကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေရာ တိုက်ပွဲတွေပြင်းထန်လျက်ရှိနေပါတယ်။

စစ်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပလက်ဝဒေသခံ ၂ သောင်းကျော်အတွက် စားနပ်ရိက္ခာတွေ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့လည်း ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ  သိရပါတယ်။

April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...
April 21, 2026
ချင်းပြည်သူလူထု နဲ့ အာရက္ခပြည်သူတွေအကြား အပြန်အလှန်အကျိုးပြုနိုင်မယ့် ကိစ္စတွေ...