ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်တချို့တွင် အခြေခံစားသောက်ကုန်ပြတ်လပ်လာ

ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်တချို့တွင် အခြေခံစားသောက်ကုန်ပြတ်လပ်လာ

ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တချို့မှာ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ တာ၊ စတဲ့ အခက်ခဲတွေကြောင့် အခြေခံစားသောက်ကုန်တွေ  ပြတ်လပ်နေတယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

မတူပီ ၊ ကန်ပက်လက်မြို့တွေမှာ အခြေခံစားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးစတာတွေ ဝယ်ယူဖို့တောင် မရှိတော့ တဲ့ အခြေနေမျိုးမှာ ရှိနေတယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

ကန်ပက်လက်မြို့နေ ဒေသခံတစ်ဦးက “ ဆော နဲ့ ကန်ပက်လက်မြို့ဘက်ကို အဓိက သွားလာလို့ရတဲ့ ကားလမ်းကို ပိတ်ထားတာ အခုဆို တစ်လ လောက်ရှိနေပြီဆိုတော့ စားသောက်ကုန်တွေတော့ ပြတ်လပ်တဲ့ အနေထားမှာ ရှိတယ် ဆန်အိပ်တချို့ကို တောလမ်းကနေ ဆိုင်ကယ်နဲ့ သယ်ယူတာမျိုးတော့ ရှိတယ်”လို့ ကန်ပက်လက်မြို့အခြေနေကို ပြောပြပါတယ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နေဒေသခံတွေဟာ မကွေးတိုင်း ဆောဘက်ကနေ အခြေခံစားသောက်ကုန်တွေအပါဝင် ဆေးဝါးတွေ သယ်ယူရတာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့တားမြစ်ခံထားရတာ ၁ လ နီးပါး ကြာလာတဲ့ချိန် ဒေသခံတွေအနေနဲ့ အခက်ခဲရောက်နေကြရတယ်လို့လည်း သိရပါတယ်။

အလားတူ မတူပီမြို့မှာလည်း ဆန်တွေကို ဆိုင်တွေမှာ ဝယ်ယူဖို့တောင် မရှိအောင် ပြတ်လပ်တဲ့ အခြေနေမှာ ရောက်ရှိနေပြီး ဒေသခံတွေအနေနဲပ အခက်ခဲကြုံနေရတယ်လို့လည်း သိရပါတယ်။

April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...
April 21, 2026
ချင်းပြည်သူလူထု နဲ့ အာရက္ခပြည်သူတွေအကြား အပြန်အလှန်အကျိုးပြုနိုင်မယ့် ကိစ္စတွေ...