ဆယ်စုနှစ်ကျော်ကြာတပ်ချနေထိုင်နေတဲ့ နမ့်ခိုင်စစ်တပ်စခန်းကြီးကို KIA တိုက်ခိုက်သိမ်းပိုက်

ဆယ်စုနှစ်ကျော်ကြာတပ်ချနေထိုင်နေတဲ့ နမ့်ခိုင်စစ်တပ်စခန်းကြီးကို KIA တိုက်ခိုက်သိမ်းပိုက်

ရှမ်းမြောက် ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား အဓိကအရေးပါတဲ့ နမ့်ခိုင်တံတားစစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်းသတင်ရင်းမြစ်တွေထံကနေ သိရပါတယ်။

အဲ့ဒီနမ့်ခိုင်စစ်တပ်စခန်းကို KIA တပ်မဟာ ၆ တပ်ရင်း ၉ တပ်ဖွဲ့များက ဒီဇင်ဘာ ၂၀ ရက် ဒီနေ့မနက် ၁၀ နာရီ ၁၅ မိနစ်မှာ အပြီးသတ် ဝင်ရောက် စီးနင်း သိမ်းပိုက်ရရှိနိုင်ကြောင်း သိရပါတယ်။

“နမ့်ခိုင်ကိုသိမ်းလိုက်ပြီ။ ဒီမနက်ပဲ ရှင်းရှင်းလင်းလင်းဖြစ်သွားပြီပေါ့။ အစပိုင်းတော့ အမြည်းကျွေးပေါ့ နည်းနည်းပါးပါးတိုက်ခိုက်ရင်း ဒီမနက်တော့အင်အားနဲ့ ဝင်တိုက်သိမ်းလိုက်တာပေါ့။”လို့ ဒေသခံရှေ့တန်းရင်းမြစ်အမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

နမ့်ခိုင်စစ်တပ်စခန်းကို ဒီဇင်ဘာ ၁၈ ရက်နေ့ညကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က စတင်တိုက်ခိုက်ခဲ့ရာကနေ မနေ့ညနေပိုင်းကစပြီး အင်အားနဲ့ ပြန်ဝင်တိုက်ခဲ့ရာ ဒီနေ့မနက်မှာတော့ အပြီးသတ် သိမ်းယူခဲ့ကြောင်း သူကဆက်ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတချို့ ထွက်ပြေးသွားတာသလို နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေအသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

နမ့်ခိုင်စစ်တပ်စခန်းဟာ အခိုင်အမာတည်ဆောက်ထားတဲ့ စခန်းတစ်ခုဖြစ်သလို နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်ကြား နမ့်ခိုင်တံတားမှာ ဂိတ်ချပြီး ၁၀ စုနှစ်ကျော်ကြာ တပ်ချနေထိုင်နေတဲ့ စခန်းကြီးတစ်ခုလည်း ဖြစ်ပါတယ်။

“နမ့်ခိုင်က နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်ကြားက အဓိကတံတားကြီးဖြစ်တယ်။ တခြားလမ်းသွားဖို့မရှိဘူး။ အဲ့ဒီနမ့်ခိုင်တံတားလမ်းကပဲ ဖြတ်ရတယ်။ မူဆယ်– ကွက်ခိုင်ဖြတ်ဖို့ ဒီလမ်းကအရေးပါတယ်။ ဒီစခန်းကို အရင်တုန်းက ဘယ်လောက်တိုက်ခိုက်တိုက်ခိုက် ဒီလိုထိထိရောက်ရောက်တိုင်ခိုင်နိုင်တာမရှိဘူး။ ဒီစခန်းကို တိုက်ခက်မယ်လို့ အားလုံးက ထင်ထားတာ။ ဒီတစ်ခေါက်တော့ အလွယ်တကူနဲ့ ဝင်သိမ်းခဲ့တာပေါ့။ ဒီနမ့်ခိုင်တပ်စခန်းထဲ ဂူတွေ၊ ကျင်းတွေ အခိုင်အမာတည်ဆောက်ထားတာရှိတယ်လေ” ဟု နမ့်ဖတ်ကာဒေသခံကပြောပါတယ်။

နမ့်ခိုင်တံတားက စစ်တပ်စခန်းဟာ နမ့်ဖတ်ကာကနေ ၉ မိုင်ခန့် အကွာမှာတည်ရှိပြီး စစ်တပ်အင်အား ပုံမှန် ရာဂဏန်းနဲ့ လမ်းသွားလမ်းလာပြည်သူတွေကို ပုံမှန်စစ်ဆေးပြီး ငွေကြေးကောက်ခံတာတွေ၊ လူငယ်တွေကို ဖမ်းဆီးတာတွေလည်း ရှိခဲ့ပါတယ်။

နမ့်ခိုင်စစ်တပ်စခန်းသိမ်းတိုက်ပွဲဟာ မူဆယ်–ကွတ်ခိုင်ကြား စစ်ကောင်စီတပ်စခန်းကို KIA ဘက်က ပထမဆုံး စခန်းသိမ်းတိုက်ပွဲစတင်ဆင်နွှဲတာလည်း ဖြစ်ပါတယ်။

September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...