နမ့်ခမ်းမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီဖြစ်ကြာင်း တအောင်းတပ် TNLA ကြေညာ

နမ့်ခမ်းမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီဖြစ်ကြာင်း တအောင်းတပ် TNLA ကြေညာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာရှိတဲ့ စစ်ကောင်စီအခိုင်အမာတပ်စွဲထားတဲ့ စခန်းသစ်ကုန်းအပါအဝင် မြို့ကိုအလုံးစုံထိန်းချုပ်ထားပြီ ဖြစ်တယ်လို့ တအောင်းတပ်မတော် (PSLF/TNLA) က ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

နမ့်ခမ်းမြို့ကို သိမ်းပိုက်ရရှိဖို့ နိုဝင်ဘာလ ၁၇ ရက်နေ့ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့ထိ ၃၁ ရက်ကြာ တိုက်ခိုက်ခဲ့ရကြောင်းဖော်ပြထားပြီး ဒီကနေ့မှာ ရက်နေ့မှာ အလုံးစုံ ထိန်းချုပ်ထားတယ်လို့ ဖော်ပြလာတာပါ။

စခန်းသစ်ကုန်းအပါအဝင် တပ်စခန်းတွေဖြစ်တဲ့ ကံ့ကော်စခန်း၊ ၁၂မိုင်၊ ၁၃မိုင်၊ မိုက်ခရိုဝေ့စခန်း၊ ပန်ဆေး၊ တာကွန့်စခန်း၊  ဟဲယိုင်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ထိန်ကန်တပ်စခန်း၊ မန်ပူးတပ်စခန်း၊ မန်ဝိန်တပ်စခန်း၊ ရဲစခန်းနဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို  အလုံးစုံသိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

နမ့်ခမ်းမြို့ မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းဟာ အင်အား ၉၀၀ နီးပါးရှိတဲ့  စကခ - ၇ နဲ့ လက်အောက်ခံတပ်တွေဖြစ်တဲ့ ခလရ-၂၆၁၊ ခမရ-၄၂၃၊ ၄၂၆၊ ၄၂၅၊ ၁၄၃နဲ့ ဒကစ တွေ လာရောက်ထိုးစစ်ဆင် စခန်းချတဲ့ တပ်စခန်းတွေ ဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီရဲ့ နမ့်ခမ်းတပ်စခန်းကို တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီရဲ့ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် နမ့်ခမ်းမြို့နယ်အတွင်းက ကလေး ၃ ဦးအပါအဝင်  ၁၃ ဦး သေဆုံးပြီး  ၄၃ ဦး ဒဏ်ရာ ရရှိတဲ့အပြင် ဘာသာရေးအဆောက်အဦနဲ့ ဘုရားကျောင်းကန်တွေအပြင် ဆေးရုံနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ ဗိုလ်မှူးအဆင့်အပါအဝင် အလောင်းများစွာ ရရှိခဲ့ပြီး  စစ်သုံ့ပန်းအဖြစ် စစ်ကောင်စီတပ်သား ၃ ဦး ဖမ်းဆီးရမိခဲ့တယ်လည်း ထုတ်ပြန်ချက်မှာ တွေ့ရပြီး တအာင်းတပ်မတော် PSLF/TNLA ဘက်ကလည်း တပ်သား ၄၉ ဦး သေဆုံးပြီး ၁၄၅ ဦး ထိခိုက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...