စစ်ကောင်စီကိုတိုက်နိုင်မှသာ မွန်တွေလိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရမယ်လို့ MSFC ပြော

စစ်ကောင်စီကိုတိုက်နိုင်မှသာ မွန်တွေလိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရမယ်လို့ MSFC ပြော
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ရေးနဲ့တိုက်ခိုက်ဖျက်သိမ်းသွားနိုင်မှသာ မွန်ပြည်နယ်က ပြည်သူတွေလိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သွားနိုင်မယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ပြောပါတယ်။

လက်ရှိစစ်ကောင်စီကနေ မွန်ပြည်နယ်အတွင်းရှိ ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး မွန်လူငယ်တွေနဲ့ တော်လှန်သူပြည်သူအပေါင်းကို တိုက်တွန်းတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ဒီဇင်ဘာ ၅ ရက်နေ့ထုတ် ကြေညာချက်မှာ ဖော်ပြထားတာပါ။

မွန်ပြည်နယ်အတွင်းရှိ မွန်လူငယ်တွေအပါအဝင် အခြားတိုင်းရင်းသားလူငယ်တွေအနေနဲ့အနာဂတ်မှာ လွတ်လပ်ပြီး တန်းတူညီမျှတဲ့ ဖက်ဒရယ်ပြည်ထောင်စုတရပ် တည်ဆောက်သွားနိုင်ဖို့ လက်ရှိစစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ တတ်နိုင်တဲ့ဘက်ကပါဝင်ဖို့ MSFC က တိုက်တွန်းပါတယ်။

မွန်လူမျိုးကိုယ်စားပြု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီကတော့ နိုင်ငံရေးပြဿာနာကို နိုင်ငံ‌ရေးနည်းလမ်းနဲ့ ဖြေရှင်းရေးမူ ဆုပ်ကိုင်ထားပြီး စစ်အာဏာရှင်စနစ် အ မြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲမှာ မပါဝင်လာသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယပတ်အတွင်း မွန်နဲ့ကရင်ပြည်နယ်ကြားရှိ ချောင်းနှစ်ခွတိုက်ပွဲအပြီး စစ်ကောင်စီရဲ့ အ‌ရှေ့တောင်ပိုင်းစစ်ဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်း၊တပ်စခန်းတွေကနေ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ လုပ် ဆောင်ခဲ့တာပါ။

အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် မြို့နယ်အတွင်းရှိ မွန်ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေမှာ ပြည် သူလူထု ထောင်ပေါင်းများစွာ ဘေးလွတ်ရာ ထွက်‌ပြေးတိမ်းရှောင်နေကြရတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ဆိုပါတယ်။

အခုလို စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်ဟာ ကျိုက်မရောမြို့နယ်မှာသာမက ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာလည်း အလားတူ လုပ်ဆောင်ခဲ့တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ကိုစစ်ချင်း မတိုက်ခိုက်ဘဲ အပြစ်မဲ့ပြည်သူတွေအပေါ် တိုက်ခိုက်နေတာဟာ စစ်ရေးဆိုင်ရာ စည်းကမ်းတွေကို အကြီးအကျယ် ချိုးဖောက်နေပြီး မွန်ပြည်နယ်အပါအဝင် တနိုင်ငံလုံးအနှံ့ လူသားမျိုးနွယ်တွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့အပေါ် မွန်ပြည်ဖက်ဒရယ်ကောင် စီက အပြင်းအထန်ရှုတ်ချတာပါ။

မွန်ပြည်သူတွေအနေနဲ့ မိမိတို့ ဘေးကင်းလုံခြုံရေးအတွက် လူစုလူဝေး ရှောင်ရှားဖို့၊ ဗုံးခိုကျင်းတွေ တူးထားဖို့၊ စစ်ရေးဆိုင်ရာ သတင်းတွေကို မျက်ခြေမပြတ် နားစွင့်ထားဖို့နဲ့စစ်ပွဲကာလအတွင်း ဆောင်ရန်၊ရှောင်ရန် လမ်းညွှန်ချက်တွေကို လိုက်နာသွားဖို့ အသိပေးထားတာပါ။

ပြည်သူတွေ စစ်ရှောင်နေတဲ့ကာလအတွင်း လူကြားချင်းစာနာမှုအကူအညီပေးရေးနဲ့ပတ်သက်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ တတ်အားသရွေ့ အကူအညီပေးနေပြီး ရဟန်းသံဃာတော်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းနိုင်ငံရေးအဖွဲ့အစည်းတွေကလည်း အကူအညီတွေပေးအပ်ဖို့ တိုက်တွန်းထားပါတယ်။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...