မင်းတပ်မြို့နယ်က စစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာတွေပြတ်လပ်မှုတွေရှိလာနိုင်လို့ အကူအညီ လိုအပ်နေ

မင်းတပ်မြို့နယ်က စစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာတွေပြတ်လပ်မှုတွေရှိလာနိုင်လို့ အကူအညီ လိုအပ်နေ

ချင်းပြည်နယ် မင်းတပ်မြို့နယ်က စစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်မှုတွေရှိလာနိုင်တာကြောင့် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက Chin World Mediaကို ပြောပါတယ်။

မင်းတပ်မြို့နယ် တိုက်နယ် အမှတ်(၁)၊ အမှတ်(၂)နဲ့အမှတ်(၃)မှာရှိတဲ့ဒေသခံတွေနဲ့စစ်ဘေးရှောင်နေသူတွေဟာ ယခုနှစ် စိုက်ပျိုးရာသီအတွင်း ဒေသတွင်းမတည်ငြိမ်တာတွေကြောင့် စိုက်ပျိုးရေးကို ကောင်းမွန်စွာ မလုပ်ကြဘူးလို့ စစ်ဘေးရှောင်တွေ ကူညီပေးနေသူကအခုလိုပြောပါတယ်။

“တချို့ရွာတွေကတော့ သူတို့စားသောက်ဖို့လောက်တော့အဆင်ပြေတယ်၊ တစ်ချို့ရွာတွေကတော့ နောက်နှစ် စိုက်ဖို့ မျိုးအတွက်စိုက်ကြတာများတယ်၊ လက်နက်ကြီးရန်တွေ၊ ဗုံးတွေကြောက် တာကြောင့် စိုက်ပျိုးရေးကို ကောင်းကောင်းမလုပ်နိုင်ကြဘူး”လို့ပြောပါတယ်။

မင်းတပ်မြို့နယ် တိုက်နယ် အမှတ်(၁)၊ အမှတ်(၂)နဲ့အမှတ်(၃)မှာရှိတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီဖက်က လက်နက်ကြီးအပြင် မပေါက်ကွဲသေးတဲ့လက်နက်ကြီးအပိုင်းအစတွေနဲ့ လေကြောင်းပစ်ခတ်မှုအကြိမ် အရေ အတွက် အများဆုံးခံရတဲ့တိုက်နယ်အမှတ်တွေဖြစ်ကြသလို မင်းတပ်မြို့ပေါ်က စစ်ဘေးရှောင်တွေကို ကူညီပေးနေကြတဲ့ကျေးရွာတွေဖြစ်နေတာတွေကြောင့် စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး အကူအညီပေးစေလိုတယ်လို့ သူက ဆက်ပြောပါတယ်။

“ဆောင်းတွင်းအနွေးထည်တွေလိုတယ်ဆိုတာထက်ပေါ့ စားနပ်ရိက္ခာပိုင်းမှာတော့ လာမယ့်လတွေ အများဆုံး (၃)လလောက်နေရင်တော့ တချို့ရွာတွေမှာ စားနပ်ရိက္ခာတွေစပြီးပြတ်လတ်တော့မှာအဲ့တာကြောင့် တက်နိုင် သလောက်ကူညီပေးကြဖို့လိုတယ်”လို့ပြောပါတယ်။

မြန်မာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်တာတွေကြောင့် စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းတွေကိုကောင်းမွန်စွာ မလုပ်ကိုင်နိုင်တာတွေကြောင့်မိသားစုစားဝတ်နေရေးနဲ့ပတ်သက် ပြီး အခက်အခဲ တွေနဲ့ကြုံတွေ့နေရတယ်လို့မင်းတပ်မြို့နယ်က ဒေသခံတွေကပြောပါတယ်။

July 9, 2026
အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အသက်သွေးကြောဖြစ်သည့် ကလေး - တမူး လမ်းမကြီးပေါ်ရှိ...
July 4, 2026
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် ကြိုးပမ်းခဲ့သည့် ချင်းတိုင်းရင်းသူ တရား...
July 2, 2026
ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့ ကာလမှာ  စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်နေကြရတဲ့...
June 30, 2026
ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်း ၅...