စစ်ကောင်စီအောက်ခြေတပ်ဖွဲ့ဝင်များ လာရောက်ပူးပေါင်းကြရန် ကော်သူးလေအစိုးရ ဖိတ်ခေါ်

စစ်ကောင်စီအောက်ခြေတပ်ဖွဲ့ဝင်များ လာရောက်ပူးပေါင်းကြရန် ကော်သူးလေအစိုးရ ဖိတ်ခေါ်

ကရင်ပြည်နယ်အတွင်းရှိ မြန်မာတပ်မတော်အရာရှိ အရာခံအကြပ်တပ်သားများအနေဖြင့် ကော်သူးလေပြည် နယ်အစိုးရနှင့် လာရောက်ပူးပေါင်း အမှုထမ်းကြရန် စောနယ်ဒါးမြ ဦးဆောင်ဖွဲ့စည်းထားသည့် ကော်သူးလေပြည် နယ်အစိုးရက နိုဝင်ဘာလ (၃၀)ရက် နေ့စွဲဖြင့် ဖိတ်ခေါ်စာထုတ်ပြန်လိုက်သည်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် မိသားစုနှင့် အပေါင်းအပါများကို အကာအကွယ် ပြုနေ မည့်အစား ကော်သူးလေပြည်နယ်အစိုးရနှင့် လာရောက်ပူးပေါင်းပြီး ပြည်သူများကို အကာအကွယ်ပြုရန် အကြံပြုလိုကြောင်း ကော်သူးလေအစိုးရ၏ ထုတ်ပြန်ချက်တွင်ရေးသား ဖော်ပြထားသည်။

ကော်သူးလေသမ္မတ စောနယ်ဒါးမြက “အခုအခြေနေအရဆိုလို့ရှိရင် ဒီစစ်တပ်တွေက သူတို့က တခြားနည်း လမ်း တွေ မရှိတော့ ဘူးပေါ့လေ။ ဘာကြောင့်လဲဆိုတော့ မင်းအောင်လှိုင်နဲ့ ဆက်လုပ်နေမယ်ဆိုလို့ရှိရင် သူတို့က ရှုံးမှာပဲ။ အဲ့ဒါကြောင့် သူတို့က နောက်ဆုံးပြည်သူတွေနဲ့ပဲ ပြန်ပြီးပူးပေါင်းရမယ်။ အကယ်၍ မင်းအောင် လှိုင်ဘက်မှာပဲ ဆက်ပြီး တိုက်နေမယ်ဆိုရင် လမ်းကဆုံးသွားပြီး။ အဲ့ဒါကြောင့်လာပြီး ပူးပေါင်းဖို့အခုချိန်က အခွင့်အရေးပဲ။”ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် ကော်သူးလေပြည်နယ် အစိုးရထံသို့ လာရောက်ပူးပေါင်းလိုသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လက်နက်ဖြင့် အလင်းဝင်သူများကို ဆုများချီးမြှင့်မည့်အပြင် လက်နက်မပါဘဲ လာရောက် အလင်းဝင်သူ များကိုလည်း လက်ခံသွားမည်ဖြစ်ကြောင်း စောနယ်ဒါးမြက ထပ်မံပြောဆိုသည်။

ဆက်လက်ပြီး ကော်သူးလေပြည်နယ် အစိုးရနှင့် လာရောက်ပူးပေါင်းသော ရဲဘော်တစ်ဦးချင်း သော်လည်း ကောင်း၊ တပ်ရင်းလိုက်သော်လည်းကောင်း လာရောက် ပူးပေါင်းလိုသူများအနေဖြင့်လည်း ၎င်းတို့၏ လုံခြုံရေး ကို ကော်သူးလေအစိုးရမှ တာဝန်ယူမည့်အပြင် စားဝတ်နေရေးများကိုပါ တာဝန်ယူကြောင်း ထုတ်ပြန်ချက် အတွင်းရေးသားဖော်ပြထားသည်။

အလားတူ ရှမ်းမြောက် တော်လှန်ရေးအင် အားစုများ၏ (၁၀၂၇)စစ်ဆင်ရေးနှင့် ကရင်နီမဟာမိတ်တပ်များ၏ (၁၁.၁၁) စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှ လက်နက်ချအလင်းဝင်လာသူ ရာနှင့်ချီရှိခဲ့သလို ယနေ့ စတင်သည့် ကော့ကရိတ်မြို့ပြတိုက်ပွဲအတွင်း လက်နက်ချအညံ့ခံလာသူများရှိကြောင်း မြေပြင်သတင်းအရင်းအမြစ်အရ သိရသည်။

ဘက်ပြောင်းခိုလှုံသူများတွင် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများ အတွင်းခိုလှုံလာသူ အများအပြားရှိပြီး ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် ကချင်လွတ်လပ်ရေးတပ်မတော်-KIA နယ်မြေများမှတဆင့် ဝင်ရောက်ခိုလှုံလာသူက အများဆုံးဖြစ်သည်ဟု ဘက်ပြောင်းခိုလှုံရေးလုပ်ငန်းများ ချိတ်ဆက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ရင်ခွင်အဖွဲ့က ကေအိုင်စီသို့ ဖြေကြားထားသည်။

September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...
September 10, 2026
ကရင်ပြည်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ဆောင်သူ...
ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...