ချင်းပြည်နယ် ရေဇွာမြို့က စစ်ကောင်စီတပ်စခန်းကို ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက သိမ်းပိုက်လိုက်ကြောင်း သတင်းထုတ်ပြန်

ချင်းပြည်နယ် ရေဇွာမြို့က စစ်ကောင်စီတပ်စခန်းကို ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက သိမ်းပိုက်လိုက်ကြောင်း သတင်းထုတ်ပြန်

ချင်းပြည်နယ် မတူပီမြို့နယ် ၊ရေဇွာမြို့က စစ်ကောင်စီရဲ့တပ်စခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၂၉ ရက် မနက်ပိုင်းက သိမ်းပိုက်လိုက်ပြီလို့ CDF-Zotung ကသတင်းထုတ်ပြန်ထား ပါတယ်။

ရေဇွာမြို့က စစ်ကောင်စီအခြေစိုက်တပ်စခန်းကို ပြီးခဲ့တဲ့၂၆ရက်နေ့ကစပြီး ဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် (၄)ရက်မြောက်နေ့ နိုဝင်ဘာလ (၂၉)ရက်နေ့မှာတော့ သိမ်းပိုက်ရရှိခဲ့တာလို့ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

CDF-Zotungကသတင်းထုတ်ပြန်ချက်မှာ “နိုဝင်ဘာလ(၂၉)ရက်နေ့ မနက်ပိုင်း(၁၀)နာရီတွင် စကစ စခန်းကို    သိမ်းပိုက်ပြီး ရေဇွာမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီ"လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်စခန်းသိမ်းပိုက်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဖမ်းဆီးခံရမှုနဲ့ လက်နက်ကြီး၊ လက်နက်ငယ် သိမ်းပိုက်ရရှိမှုအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်ကိုမသိရသေးသလို စခန်းသိမ်းပိုက်ရရှိမှုနဲ့ ပတ်သက်လို့လဲ အသေးစိတ်ဆက်လက်ဖော်ပြသွားမယ်လို့ CDF-Zotungကသတင်းထုတ်ပြန်ထားပါတယ်။ ယခုလက်ရှိအချိန်ထိ ချင်းပြည်နယ်က ရေဇွာမြို့ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက ထိန်းချုပ်ထား ဆဲဖြစ်ပြီး ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့လက်လွတ်ခဲ့ရတဲ့မြို့ဟာ ရိခေါဒါရ်မြို့ ၊လိုင်လင်းပီမြို့ ၊ရေဇွာမြို့ အပါအဝင် မြို့ပေါင်း(၃)မြို့အထိရှိလာပြီလို့သိရပါတယ်။

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...