ချင်းပြည်နယ် ရေဇွာမြို့က စစ်ကောင်စီတပ်စခန်းကို ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက သိမ်းပိုက်လိုက်ကြောင်း သတင်းထုတ်ပြန်

ချင်းပြည်နယ် ရေဇွာမြို့က စစ်ကောင်စီတပ်စခန်းကို ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက သိမ်းပိုက်လိုက်ကြောင်း သတင်းထုတ်ပြန်

ချင်းပြည်နယ် မတူပီမြို့နယ် ၊ရေဇွာမြို့က စစ်ကောင်စီရဲ့တပ်စခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၂၉ ရက် မနက်ပိုင်းက သိမ်းပိုက်လိုက်ပြီလို့ CDF-Zotung ကသတင်းထုတ်ပြန်ထား ပါတယ်။

ရေဇွာမြို့က စစ်ကောင်စီအခြေစိုက်တပ်စခန်းကို ပြီးခဲ့တဲ့၂၆ရက်နေ့ကစပြီး ဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် (၄)ရက်မြောက်နေ့ နိုဝင်ဘာလ (၂၉)ရက်နေ့မှာတော့ သိမ်းပိုက်ရရှိခဲ့တာလို့ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

CDF-Zotungကသတင်းထုတ်ပြန်ချက်မှာ “နိုဝင်ဘာလ(၂၉)ရက်နေ့ မနက်ပိုင်း(၁၀)နာရီတွင် စကစ စခန်းကို    သိမ်းပိုက်ပြီး ရေဇွာမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီ"လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်စခန်းသိမ်းပိုက်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဖမ်းဆီးခံရမှုနဲ့ လက်နက်ကြီး၊ လက်နက်ငယ် သိမ်းပိုက်ရရှိမှုအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်ကိုမသိရသေးသလို စခန်းသိမ်းပိုက်ရရှိမှုနဲ့ ပတ်သက်လို့လဲ အသေးစိတ်ဆက်လက်ဖော်ပြသွားမယ်လို့ CDF-Zotungကသတင်းထုတ်ပြန်ထားပါတယ်။ ယခုလက်ရှိအချိန်ထိ ချင်းပြည်နယ်က ရေဇွာမြို့ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက ထိန်းချုပ်ထား ဆဲဖြစ်ပြီး ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့လက်လွတ်ခဲ့ရတဲ့မြို့ဟာ ရိခေါဒါရ်မြို့ ၊လိုင်လင်းပီမြို့ ၊ရေဇွာမြို့ အပါအဝင် မြို့ပေါင်း(၃)မြို့အထိရှိလာပြီလို့သိရပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...