လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းက စစ်ရှောင် ၁၄၀၀၀ ဝန်းကျင်အတွက် စောင်နဲ့ အနွေးထည် အရေးပေါ် လိုအပ်

လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းက စစ်ရှောင် ၁၄၀၀၀ ဝန်းကျင်အတွက် စောင်နဲ့ အနွေးထည် အရေးပေါ် လိုအပ်

ကရင်နီပြည် လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက ဆင်စခန်းနဲ့ တီးလုံကျေးရွာအုပ်စုက စစ်ရှောင်စခန်းတွေမှာရှိတဲ့ စစ်ရှောင်၁၄၀၀၀ ဝန်းကျင်အတွက် အနွေးထည်နဲ့ စောင်တွေ အရေးပေါ် လိုအပ်နေတယ်လို့ လွိုင်ကော်အရှေ့ဖက်ခြမ်းမှာ စစ်ဘေးရှောင် အရေး ကူညီဆောင်ရွက်ပေးသူတွေထံကနေ သိရပါတယ်။

လတ်တလော လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းမှာ အသစ်ရောက်လာတဲ့ စစ်ရှောင်တွေအပြင် ရှိနှင့်ပြီးသား စစ်ရှောင်တွေအတွက်လည်း လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဒီနေ့အထိကတော့ လူဦးရေ ၃၀၀၀ ကျော်ပါပြီ။ အဲဒါက မူလ စစ်ရှောင်အဟောင်းတွေမပါသေးဘူး။ အသစ်ဝင်လာတဲ့ဟာတွေပဲ အခု ၃၀၀၀ ကျော်က။ မူလစစ်ရှောင်အတွက်ကော အကုန်ပါတယ်။ လိုအပ်ချက်က အတူတူပဲ စောင် နဲ့ အနွေးထည် အဓိက လိုအပ်ချက်ပေါ့နော။ စားနပ်ရိက္ခာကောပေါ့”လို့ သူက ပြောပါတယ်။

စစ်ရှောင်အသစ်တွေကတော့ လွိုင်ကော်မြို့ပေါ်တိုက်ပွဲတွေကနေ အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့သူတွေ များပြားသလို ထီးစဲခါး ကျေးရွာအုပ်စုအတွင်းနဲ့ ပါလောင်းကျေးရွာဖက်က စစ်ရှောင်တွေလည်း ပါဝင်တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦးက ဆက်ပြောပါတယ်။

“ဒီအရေးပေါ် ထွက်ပြေးလာတဲ့ဟာမျိုးလည်း ရှိတာပေါ့နော်။ သူတို့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့လာတဲ့ သူတွေရှိတယ်။ ပြီးတော့မှ အနွေးထည်ပါမလာတဲ့သူတွေလည်း ရှိတယ်။ စောင်တွေပါမလာတဲ့သူတွေရှိတယ်။ ပြီးတော့ ဒီစားနပ်ရိက္ခာ‌ရော ပါမလာတဲ့သူတွေလည်း ရှိတာ‌ပေါ့နော်။ ဆိုတော့ ကျမတို့က ကျမတို့ဆီမှာ လာပြီးမှ အကူအညီတောင်းတဲ့ဟာမျိုးရှိတာပေါ့နော်” လို့ သူက ဆိုပါတယ်။

လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းမှာ ရှိနှင့်ပြီးသား စစ်ရှောင် ၁သောင်း ကျော်ရှိပြီး (၁၁.၁၁) စစ်ဆင်ရေး စတင်ပြီးတဲ့နောက် ထပ်တိုးလာတဲ့ စစ်ရှောင်ဦးရေ သုံးထောင်ကျော်ရှိနေတာပါ။ ဆောင်းရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် စောင်၊ အနွေးထည် လိုအပ်သလို အခြေခံ စားနပ်ရိက္ခာ နဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း လိုအပ်မှုရှိတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...