တမူးမြို့နယ် ဖိုင်လင်းကျေးရွာနဲ့သနန်ကျေးရွာက စစ်ဘေးရှောင်တွေ နေရပ်ပြန်ပြီလို့သိရ

တမူးမြို့နယ် ဖိုင်လင်းကျေးရွာနဲ့သနန်ကျေးရွာက စစ်ဘေးရှောင်တွေ နေရပ်ပြန်ပြီလို့သိရ

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်မြို့သစ်မြို့ ဖိုင်လင်းကျေးရွာနဲ့ သနန်ကျေးရွာကဒေသခံတွေဟာ ပြီးခဲ့တဲ့ နိုဝင် ဘာလ ၂၂ ရက်နေ့က ရွာအနားမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက် ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်ကြတယ်လို့သိရပါတယ်။

သနန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ၂၂ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေး တိမ်းရှောင်ရာကနေ ယမန်နေ့ နိုဝင်ဘာလ၂၃ရက်နေ့ကစပြီး သူတို့နေထိုင်တဲ့ကျေးရွာတွေကို ဝင်ရောက်အခြေချ နေထိုင်နေကြပြီလို့ ဖိုင်လင်းကျေးရွာကဒေသခံကအခုလိုပြောပါတယ်။

“ဖြစ်ပြီးတဲ့နေ့မှာပဲထွက်ပြေးကြတာ၊ ပြေးတာကတော့ ဖိုင်လင်းနဲ့သနန်ရွာ၂ ရွာက အကုန်နီးပါးပြေးကြတာပေါ့၊ နောက်ရက်တိုက်ပွဲငြိမ်တော့ အကုန်နီးပါးရွာထဲပြန်ဝင်နေကြပြီ ပြန်ဝင်နေကြပြီ”လို့ ဖိုင်လင်းကျေးရွာက ဒေသခံတွေက ပြောပါတယ်။

သနန်ကျေးရွာနဲ့ ဖိုင်လင်းကျေးရွာဟာ တမူး-အောင်ဇေယျ လမ်းမကြီးပေါ်မှာ တည်ရှိတဲ့ရွာဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ သနန်ကျေးရွာ အိမ်ခြေပေါင်း၂၀၀နီးပါးရှိသလို ၊ ဖိုင်လင်းကျေးရွာမှာတော့ အိမ်ခြေပေါင်း ၂၀၀ကျော်ရှိတယ်လို့ သိရပါတယ်။

အခုလက်ရှိအချိန်မှာ သနန်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဒေသပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထိန်းချုပ်ထားတယ်လို့သိရပြီး တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း သနန်ကျေးရွာက လူနေအိမ်၆လုံးလောက် မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...
July 9, 2026
အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အသက်သွေးကြောဖြစ်သည့် ကလေး - တမူး လမ်းမကြီးပေါ်ရှိ...
July 4, 2026
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် ကြိုးပမ်းခဲ့သည့် ချင်းတိုင်းရင်းသူ တရား...
July 2, 2026
ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့ ကာလမှာ  စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်နေကြရတဲ့...