စစ်ကောင်စီဝန်ထမ်းများ ပြည်သူ့ရင်ခွင်ထံအလင်းဝင်ရန် ပလက်ဝခရိုင် ကောင်စီက ထုတ်ပြန်ထား

စစ်ကောင်စီဝန်ထမ်းများ ပြည်သူ့ရင်ခွင်ထံအလင်းဝင်ရန် ပလက်ဝခရိုင် ကောင်စီက ထုတ်ပြန်ထား

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့် ရဲဝန်ထမ်းအပါအဝင် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ပြည်သူ့ရင်ခွင်ထံ အလင်းဝင်ရန် ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးဥက္ကဌ ဆလိုင်းမျိုးထိုက်က "ပလက်ဝနယ်ဖက်မှာ အထူးသဖြင့် စကစအတွက် စစ်တိုက်ပေးနေတဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ ရဲတွေ၊ စစ်တပ်တွေအပြင် CDM မလုပ်တဲ့ဝန်ထမ်းတွေလည်းပဲ အခုချိန်မှာ ပြည်သူနဲ့အတူ ရပ်တည်ပြီးမှ ပြည်သူ့ဖက်မှာ အလင်း ဝင်ကြပေးဖို့ပါ စကစအတွက် အသေခံပေးတဲ့ ရဲတွေ၊ စစ်သားတွေဟာလည်း ပြည်သူတရပ်ပဲပါ” ဟု ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ပြည်သူ့ရင်ခွင်ထံ လက်နက်ချအလင်းဝင်လာသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အသက်အန္တရာယ်လုံခြုံရေးကို အာမခံသည့်အပြင် လူ့ဂုဏ်သိက္ခာနှင့် မည်သည့်ညှဉ်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးချုပ်နှောင်ထားခြင်းမရှိပဲ ဘေးကင်းလုံခြုံသည့်နေရာကို ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာချင်သော စစ်ကောင်စီတပ် ရဲ၊စစ်သားများအနေဖြင့် ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သောကောင်စီ၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ (ပလဝ) နှင့် ဆက်သွယ်ဖြစ်စေ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများ၏ တပ်ရင်း၊ တပ်ဖွဲ့များနှင့် ဆက်သွယ်ကာ ပြည်သူရင်ခွင်ထံ ခိုလှုံရမည်ဟု ဖော်ပြသည်။

ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့် ရဲဝန်ထမ်းအပါအဝင် စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ CDM ပြုလုပ်သူများရှိသော်လည်း လုံခြုံရေးအခြေနေများကြောင့် အရေအတွက် တိကျစွာ ဖော်ပြခွင့်မရသေးကြောင်း ပလက်ဝမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။

ပုံစာ - ပလက်ဝမြို့နယ်ရဲစခန်း။ (ပုံဟောင်း)

KMG

Most read this week

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...