တိုက်ပွဲကာလ ကုန်ဈေးနှုန်းမြှင့်တင်သူများကို အရေးယူမည်ဟု AA သတိပေး

တိုက်ပွဲကာလ ကုန်ဈေးနှုန်းမြှင့်တင်သူများကို အရေးယူမည်ဟု AA သတိပေး

ရခိုင်တိုက်ပွဲကာလအတွင်း အခြေခံစားသောက်ကုန် ဈေးနှုန်းများအား အဆမတန် မြှင့်တင်ရောင်းချသူများကို အရေးယူသွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA) တာဝန်ရှိသူက သတိပေးလိုက်သည်။

ULA/AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “ရခိုင်ပြည်အတွင်းမှာ ဒီလောက်တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ကိုယ်ကျိုးစီးပွားအတွက် ကုန်ဈေးနှုန်းတွေကို အဆမတန်တင်ပြီးတော့ ရောင်းချနေသူတွေကို အရေးယူသွားမယ်” ဟု DMG သတင်းဌာနကို ပြောသည်။ သို့သော်လည်း မည်သို့ အရေးယူသွားမည်ကို အသေးစိတ်မပြောပေ။

လက်ရှိတွင် ရခိုင်ပြည်မြို့တော် စစ်‌တွေမြို့၌ အခြေခံစားသောက်ကုန်များဖြစ်သည့် ငရုတ်သီး(စိမ်း)တစ်ပိဿာကို ငွေကျပ် ၂၀,၀၀၀ အထိရှိနေပြီး ဆန်တစ်အိတ်ကို ယခင် ငွေကျပ် ၁၁၀,၀၀၀ ကနေ ၁၄၀,၀၀၀ အထိရှိကြောင်း ထမင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

“ကုန်ဈေးနှုန်းတွေက တအားတက်နေတယ်၊ ခန့်မှန်းလို့ မရဘူး။ အခြေခံစားသောက်ကုန်ကအစ အကုန်လုံး ဈေးတက်နေတာ။ ဆန်တစ်အိတ်ကို အရင်ဈေးထက် သုံးသောင်းလောက်ထိ ထိုးတက်သွားတယ်” ဟု ၎င်းက ပြောသည်။

စားသုံးဆီမှာလည်း တစ်ပိဿာကို ယခင်ငွေကျပ် ၁၅,၀၀၀ ကနေ ကျပ် ၂၀,၀၀၀ အထိ ဈေးတက်နေသည်။ ထိုသို့ ကုန်ဈေးနှုန်းများ မြင့်တက်နေသဖြင့် အခြေခံလူတန်းစားများမှာ အခက်အခဲဖြစ်နေကြသည်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့ တို့တွင်လည်း ဆန်ဈေးနှုန်းအပါအဝင် အခြေခံစားသောက်ကုန်များမှာ ဈေးမြင့်တက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ကြောင့် ကုန်ဈေးနှုန်းများအား အဆမတန် မြှင့်တင်ရောင်းချနေသူများကို ရက္ခိုင့်တပ်တော်(ULA/AA)က အမြန်ဆုံး အရေးယူဆောင်ရွက်သင့်ကြောင်း ရခိုင်ပြည်သူများက လိုလားနေကြသည်။

“စာရိတ္တမကောင်းတဲ့ဆိုင်ရှင်တွေက ဈေးအဆမတန်မြင့်တင်ပြီးတော့ ရောင်းချနေတာတွေရှိတယ်။ လမ်းတွေပိတ်ထားတော့ ဝယ်သူလည်း များလာတဲ့အတွက် ဈေးတင်ပြီးတော့ ရောင်းသူတွေလည်း ရှိတယ်။ ဒါတွေကို ULA/AA က ထိန်းညှိပေးဖို့ လိုအပ်တယ်။ ဒီလိုမျိုး ဈေးနှုန်းမြင့်တင်ပြီး ရောင်းနေတဲ့သူတွေကို AA အနေနဲ့ အရေးယူဆောင်ရွက်မယ် ဆိုတာကတော့ ကောင်းပါတယ်” ဟု စစ်တွေမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တကျော့ပြန်တိုက်ပွဲများ စတင်လာပြီးနောက် ရခိုင်ပြည်အနှံ့ ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီက သွားလာခွင့်ပိတ်ပင်လိုက်သည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...