မိုးညှင်း၊ မိုးကောင်းမြို့နယ်များတွင် ဖုန်းနှင့် အင်တာနက်လိုင်းတချို့ ပြတ်တောက်မှုများဖြစ်နေ

မိုးညှင်း၊ မိုးကောင်းမြို့နယ်များတွင် ဖုန်းနှင့် အင်တာနက်လိုင်းတချို့ ပြတ်တောက်မှုများဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့ပေါ်တိုက်ပွဲကြောင့်  မိုးညှင်း၊ မိုးကောင်းမြို့နယ်အပါအဝင် မြန်မာနိုင်ငံ မြောက်ပိုင်း နေရာအနှံ့အပြားမှာ အင်တာနက်လိုင်းများ ပြတ်တောက်မှုနှင့် လိုင်းကျမှုများ ဖြစ်ပေါ်နေတယ်လို့ စုံစမ်းသိရပါတယ်။

“ ထီးချိုင့်မှာ ပစ်တာ ခတ်တာ ရှိတဲ့အခါကြတော့ Mytel တွေကြတော့ အဲ့ဒီမှာ ကြိုးတွေ ဘာတွေ ပြတ်ထားတယ်လေ သွားပြုပြင်လို့လည်း အဆင်မပြေဘူး။ နယ်မြေက မလှုံခြုံတဲ့အခါကြတော့။ MPT ကလည်း DSNW ဒေါင်းတဲ့အခါကြတော့ အင်တာနက်သုံးလို့ မရဘူး။ 2G ဆိုတာ ဖုန်းပြောဖို့ သပ်သပ်ပဲ။” လို့ အော်ပရေတာနှင့် နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဆက်သွယ်ရေးအော်ပရေတာ (၄)ခုရှိတဲ့ထဲ  အက်တာနက် အသုံးပြုဖို့အတွက် Telenor(ATOM) အော်ပရေတာတစ်ခုတည်းကိုသာ အသုံးပြုနေကြရပြီး အသုံးပြုသူ များပြားလာသည့်အတွက် အင်တာနက် နှေးကွေးမှုတွေနဲ့ ကြုံနေရပြန်ပါတယ်။

လက်ရှိမှာ အက်တမ်အော်ပရေတာတစ်ခုတည်းကသာ အင်တာနက်လိုင်းအသုံးပြုလို့ရတာကြောင့် ဖုန်းဆင်းကဒ်တစ်ကဒ်ကို နှစ်ထောင်ကျပ်ကနေ ရက်ပိုင်းအတွင်း နှစ်သောင်းကျပ်အထိ စျေးမြင့်တက်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“Ooredoo မရဘူး။  Telenor(ATOM) ပဲ ရတယ်။ အဲ့ဒါပဲ ဖိသုံးတဲ့အခါကြတော့ User(သုံးစွဲသူ) များသွားပြီဆိုတော့ အဆင် သိပ်မပြေတော့ဘူးလေ။ သူ့ကို လွင့်ထားတဲ့ စွမ်းအားနဲ့ သုံးတဲ့သူ စွမ်းအားနဲ့ မမျှတော့ဘူး ဖြစ်သွားတာလေ။”

ထီးချိုင့်မြို့ပေါ်တိုက်ပွဲက နိုဝင်ဘာလ ၁၃ ရက်နေ့မှ တည်ငြိမ်စပြုလာတာဖြစ်ပြီး အော်ပရေတာတွေအနေနဲ့ ပြန်လည်ပြုပြင်ဖို့ အချိန်ကြာမြင့်နိုင်သေးကြောင်း စုံစမ်းသိရှိရပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...