မိုးညှင်းမြို့နယ် အခွန်ဦးစီးရုံး အသံမိုင်းဖြင့် PDF ဖောက်ခွဲ

မိုးညှင်းမြို့နယ် အခွန်ဦးစီးရုံး အသံမိုင်းဖြင့် PDF ဖောက်ခွဲ
မိုးညှင်း KPDF တပ်ဖွဲ့များ မိုးညှင်းမြို့ရှောင်လမ်း ထန်းတပင်ကျေးရွာအဝင်မှ တွေ့ရစဉ်
မိုးညှင်း KPDF တပ်ဖွဲ့များ မိုးညှင်းမြို့ရှောင်လမ်း ထန်းတပင်ကျေးရွာအဝင်မှ တွေ့ရစဉ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ နတ်ကြီးကုန်းရပ်ကွက်တွင်းရှိ မိုးညှင်းမြို့နယ် အခွန်ဦးစီးဌာနရုံးကို  ယနေ့နိုဝင်ဘာလ ၃ရက် မနက် ၆ နာရီခွဲအချိန်မှာ  အသံမိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ မြို့ပေါ်နေ ဒေသခံများထံမှ သိရပါတယ်။

“ မနက်ပိုင်းလောက်ကို ဖြစ်တာ တံခါးပဲထိသွားတာ ဘာမှမထိသွားဘူး’” ဟု  ရုံးအနီးနေထိုင်သူတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

အဆိုပါ အသံမိုင်းဖောက်ခွဲမှုကို  ပြည်သူ့ကာကွယ်ရေးတပ်  မိုးညှင်း K-PDF အဖွဲ့က  ပြုလုပ်ကြောင်း ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မနက်ပိုင်းမှာပဲ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

“ ယခုဖောက်ခွဲမှုဟာ လက်နက်ကိုင်မဟုတ်တဲ့ အခွန်ဦးစီးဌာနကဝန်ထမ်းတွေကို တစ်စုံတစ်ရာထိခိုက်စေလိုခြင်းမရှိဘဲ နောက်နောင် မိုးညှင်းမြို့နေ ပြည်သူလူထုအပေါ် မတရားအခွန်ကောက်ခံခြင်း မပြုလုပ်ရန်အတွက် သတိပေးခြင်းသက်သက်သာဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ သတိပေးပြောဆိုထားပါတယ်။

မတရားအခွန်ကောက်ခံခြင်းကို ဆက်လက်ပြုလုပ်ရင်  ယခုထက် ပိုမိုပြင်းထန်တဲ့ အရေးယူမှုများ ပြုလုပ်သွားမယ်လို့ ထပ်လောင်းဆိုထားပါတယ်။

အခွန်ရုံးအနီးမှာ ပြီးခဲ့တဲ့ မေလနှင့်ဇွန်လအတွင်းမှာလည်း  အထက -၁ အနီးမှာရှိတဲ့ ထွေအုပ်ရုံး၊ မြို့မရဲစခန်း နဲ့  ဦးမျိုး( ရွှေမောင်း)ပိုင်တဲ့ ငွေလမင်းဆန်စက်နေအိမ်ကို မိုးညှင်း KPDF က ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...