မတူပီမြို့တွင် ပြည်သူများ ခရီးသွားလာခွင့် စစ်ကောင်စီ ပိတ်ပင်

မတူပီမြို့တွင် ပြည်သူများ ခရီးသွားလာခွင့် စစ်ကောင်စီ ပိတ်ပင်

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ်တွင်ရှိသော စစ်ကောင်စီတပ်က အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး မြို့ တွင်းနေပြည်သူများ ခရီးသွားလာခွင့်ကို ရက်ကန့်သတ်မရှိ ပိတ်လိုက်သည်ဟု သိရသည်။

မတူပီ-ဟားခါးလမ်းမပေါ်တွင် တပ်စွဲထားပြီး အင်အားဖြည့်လာသည့် စစ်ကောင်စီစစ်ကြောင်းကို CDF-Matupi က လက်ဦးမှုယူပြီး တိုက်ခိုက်ပြီးနောက်ပိုင်းတွင် ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု CDF-Matupi တာဝန်ခံ G-1 က ပြောသည်။

“ထိတွေ့မှုခနဖြစ်တာနဲ့ အခုမြို့ထဲမှာ အကုန်လုံးအပြင်ကို ထွက်ခွင့်ပိတ်ထားတယ်။ မြို့တွင်း ဧည်သည့်အဝင်အ ထွက်များရင်တော့ သူတို့မလုံခြုံဘူး၊ မြို့တွင်းအခြေအနေကို မြို့တွင်းကနေ အပြင်ထွက်သွားရင် ကျွန်တော်တို့စီ သတင်း ပြန်ရောက်တယ်လေ၊ ကြောက်သွားလို့ဖြစ်မှာကျွန်တော်တို့အဖွဲ့ကိုမသိစေချင်ဘူး သူတို့ လျို့ဝှက်နဲ့ ပိတ်ထားတာ” ဟု CDF-Matupi တာဝန်ခံ G-1 က ပြောသည်။

အဆိုပါ ပိတ်ပင်မှုကြောင့် မတူပီမြို့အနီးအနားတွင်ရှိသော ကျေးလက်ပြည်သူများ မြို့တွင်း ဆီ၊ ဆား၊ ငပိ အပါအဝင် အခြားစားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများဝယ်ယူရန် ပိုအခက်အခဲတွေ့နေကြရသည်ဟု သိရသည်။

စစ်ကောင်စီတပ်က မြို့တွင်း၊မြို့ပြင် ခရီးသွားလာခြင်းပိတ်ထားသည်မှာ ၃ ရက်သာရှိနေသေးသော်လည်း လက်ရှိမတူပီမြို့ထဲတွင် စားသောက်ကုန်ပစ္စည်းအပါအဝင် ဆန်စျေးနှုန်းများ မြင့်တက်လာနေပြီဖြစ်သောကြောင့် ယခုထက်ရက်ကြာမြင့်ပါက ရိက္ခာပြတ်တောက်လာမည်ကို မြို့ခံများက စိုးရိမ်နေရသည်ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။

“သူတို့အဲ့လိုပိတ်တာနဲ့စျေးတွေက ထိုးထိုးတက်လာတယ်၊ အခြေခံစားသုံးကုန်တွေက နယ်ဖက်ကလည်း ဆား၊ငပိတွေဝယ်မယ့်သူတွေအတွက် တော်တော်ခက်ခဲရှိတယ်။ အညံ့ဆုံးပေါ်ဆန်းတောင် ၉သောင်းနဲ့ တစ်သိန်းကြားမှာရှိတယ်။” ဟု မတူပီမြို့ခံက ပြောသည်။

မတူပီမြို့ပေါ်တွင် CDF-Matupi နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးတိုင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ  ပြည်သူများ မတူပီမြို့တွင်း၊မြို့ပြင် ခရီးသွားလာခြင်းမပြုရန် ပိတ်ထားလေ့ရှိပြီး ရက်သတ္တပတ်ခန့်ကြာမြင့် တတ်သည်ဟု CDF-Matupi က ပြောသည်။

မတူပီမြို့ပေါ်တွင် MPT ဖုန်းလိုင်းတခုသာရှိပြီး မနက် ၆ နာရီမှ ည ၆နာရီအထိသာ အချိန်အကန့်သတ်ဖြင့် အသုံးပြုနေရကြသောကြောင့် မိသားစုနှင့် အဝေးမှာနေသူများအတွက် ဖုန်းဆက်သွယ်ရန် ပိုမိုခက်လာကြရသည်။

Most read this week

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...