မြောက်ပိုင်း စစ်ရေးဂယက်ကြောင့် မိုင်းလားမြို့အဝင်ဂိတ်ကို စစ်ကောင်စီပိတ်

မြောက်ပိုင်း စစ်ရေးဂယက်ကြောင့် မိုင်းလားမြို့အဝင်ဂိတ်ကို စစ်ကောင်စီပိတ်

သျှမ်းပြည် မြောက်ပိုင်းဒေသမှ စစ်ရေးပဋိပက္ခကြောင့် နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်မှစပြီး ကျိုင်းတုံ-မိုင်းလား ကားလမ်းမပေါ်ရှိ တာပင်းဂိတ် (မိုင်းလားမြို့အဝင်ဂိတ်) ကို စစ်ကောင်စီဘက်မှ ပိတ်ချလိုက် ပြီ ဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။

ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက “တာပင်းဂိတ်ကို စစ်ကောင်စီဘက်က ပိတ်လိုက်ပါပြီ။ သွားလာလို့ မရတော့ပါဘူး“ ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိမှာ တာပင်းဂိတ်ကို ပိတ်ထားပြီဖြစ်သောကြောင့် ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ဆိုသည်။

ထို့ပြင် လက်တလောတွင် မြန်မာ-တရုတ်နယ်စပ်တလျှောက် စစ်ရေး ပဋိပက္ခများဖြစ်ပွားနေပြီး ပြည်သူများ အသက်အိုးအိမ် စည်းစိမ် ဆုံးရှုံးမှု နှင့် စစ်ဘေးရှောင်ဖြစ်ရပ်မှုအပေါ် အလွန်စိတ်မကောင်းဖြစ်ကြောင်း  အထူး ဒေသ (၄) ငြိမ်းချမ်းရေး နှင့် စည်းလုံးရေး ကော်မတီ (မိုင်းလား/NDAA) တို့က နိုဝင်ဘာလ ၁ ရက်တွင် ထုတ်ပြန် ထားသည်။

NDAA အနေဖြင့် ဘက်မလိုက်သည့် နိုင်ငံရေး ရပ်တည်ချက်အတိုင်း ရပ်တည်ကျင့်သုံးပြီး မည်ကဲ့သို့သော လက် နက်ကိုင် ပဋိပက္ခမျိုးတွင် မဆို မည်သည့် ပုံသဏ္ဍာန်မျိုးမှ ဝင်ရောက်ပါဝင်ခြင်း၊ စွက်ဖက်ခြင်း ပြုမည်မဟုတ် ကြောင်းလည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

တိုင်းရင်းသားလူမျိုးစု၏ စည်းလုံးညီညွတ်ရေး၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အစဥ်အမြဲ ကြိုးပမ်းရင်း နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးစုများအားလုံး အတွက် သဟဇာတဖြစ်သော၊ ချမ်းသာကြွယ်ဝသော လူမှု ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးတည်ဆောက်ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ဆက်လက် ထိန်း သိမ်း စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုစစ်ဆေးရေးဂိတ်ကို အာဏာသိမ်းပြီး ၂၀၂၁ စက်တင်ဘာလ ၁၆ ရက်မှစပြီး ဖွင့်လှစ်လာခဲ့ရာ ၂ နှစ်ကျော်အကြာ နိုဝင်ဘာလ ၂ ရက်နေ့တွင် ပြန်လည်ပိတ်ထားလိုက်ခြင်း ဖြစ်သည်။

Most read this week

December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...
Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...