အွန်လိုင်းလောင်းကစားများကို ဒေသတွင်းတွေမှာ အရေးယူတားဆီးမှုတွေ မရှိနေဘူးဟုဆို

အွန်လိုင်းလောင်းကစားများကို ဒေသတွင်းတွေမှာ အရေးယူတားဆီးမှုတွေ မရှိနေဘူးဟုဆို

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်နှင့် မိုးညှင်းမြို့နယ်များအတွင်း အွန်လိုင်း လောင်းကစား လုပ်နေသူများကို အရေးယူတားဆီးမှုတွေ မရှိနေဘူးလို့ ဒေသခံများတွေက ပြောပါတယ်။

အွန်လိုင်းလောင်းကစားများဖြစ်တဲ့ 2d ၊3d၊ ကာစီနို၊ ရှမ်းကိုးမီး အစရှိတာတွေအပြင် တခြားလွယ်လင့်တကူ  ဆော့ကစားနိုင်တဲ့ လောင်းကစား အမျိုးအမည်စုံလင်စွာ ရှိနေကြပြီး အများဆုံး ဆော့ကစားနေသူများက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ လူငယ်တွေပဲ ဖြစ်ပါတယ်။

“တရားဝင်ပုံစံမျိုး Live လွှင့်ပြီးချပြတာတွေ အဲ့လို လောင်းကစားတွေနဲ့ လူငယ်တွေကို ဆွဲဆောင်ကြတယ် ဆွဲဆောင်ကြတဲ့အခါမှာ လူငယ်တွေအတွက် လမ်းမှားရောက်နိုင်ချေပိုများတယ်။ တရားဥပဒေကလည်း ခေတ်ပျက်ပြီးတဲ့နောက်ပိုင်း အလှမ်းဝေးနေတဲ့ အခြေနေမျိုးမှာရှိနေတယ်” လို့ မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသက လူငယ်တစ်ဦးက ပြောပါတယ်။

အွန်လိုင်းစာမျက်နှာတွေကနေ အုပ်စုဖွဲ့ပြီး လောင်းကစားပြုလုပ်ရတဲ့ Application များစွာလည်းရှိနေပြီး လွန်ခဲ့ တဲ့ ရက်ပိုင်းအနည်းငယ်ကမှာ ငွေသိန်းထောင်နှင့်ချီ လိမ်လည်မှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။

“ ဒီမှာက အဲ့ဒီဘောလုံးဂိမ်းဆိုလား ပိုက်ဆံထည့်လိုက်ရင် အမြတ်ပြန်ရတဲ့ဟာ အဲ့ဒါလိမ်ခံလိုက်ရပြီ။ ရွာထဲက ကလေးမဆို ငါးသိန်း၊ တချို့ဆို ၃ သုံးအဲ့လိုတွေနဲ့ အစကတော့ ရကြတာပါ့၊အခုတော့ လိမ်သွားပြီကော” လို့ အင်းတော်ကြီးအရှေ့ကမ်းဒေသခံ တစ်ဦးက ပြောပြပါတယ်။

အွန်လိုင်းလောင်းကစားတွေအတွက် လောင်းကြေးတောင်းခံတာတွေ၊ လောင်းကြေးဖွင့်တာတွေ၊ လောင်းကစား ကို အားပေးကူညီတာ၊ လှုံဆော်တာ၊ သိမ်းသွင်းတာ စသဖြင့် တစ်နည်းနည်းနဲ့ လုပ်နေသူတွေကို အရေးယူမှု လုပ်နိုင်တယ်လို့ မိုးကောင်းမြို့ရှိ ရှေ့နေ့တစ်ယောက်က ပြောပါတယ်။

“အမျိုးအစား လိုက်ပြီးတော့မှ သူက ပုဒ်မကတော့ ကွာမှာပေါ့ အများအားဖြင့်ကတော့ ပုဒ်မ ၁၅ နဲ့ အရေးယူ လို့ရမယ် အနည်းဆုံးတစ်လ ကနေ အများဆုံးက ခြောက်လပေါ့ တစ်လနဲ့ခြောက်လကြားပေါ့။”

ယခုလို ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်လို့ရနေပေမယ့် ဒေသတွင်းရပ်ကွက်တွေရှိ ရပ်ရွာလူကြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေက တားဆီးအရေးယူတာတွေ မရှိနေဘူးဟု ဆိုပါတယ်။

“ရပ်ကွက် လူကြီးတွေကနေပြီးတော့ တားဆီးနိုင်ခြင်းရှိမရှိကတော့ တိုင်ကြားမှုရှိမှပဲ ဒါတွေကို လုပ်ဆောင် ကြတာမျိုးကိုပဲ တွေ့ရတယ်ဗျ။ တိုင်ကြားမှုမရှိရင် ကိုယ်နဲ့မဆိုင်သလို အဲ့လိုမျိုးနေနေကြတယ်” လို့ လူငယ် တစ်ယောက်က ပြောပါတယ်။

အွန်လိုင်း လောင်းကစားတွေအတွက် ငွေသွင်းငွေထုတ် အားလုံးကို အွန်လိုင်းကနေ ငွေပေးချေရတဲ့ Mobile payment တွေကို အဓိက အသုံးပြုနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်း ငွေလိမ်လည်မှုတွေက အာဏာသိမ်းပြီးနောက်ပိုင်း ပိုများလာခဲ့ပြီး အရေးယူခြင်းမရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

Most read this week

May 15, 2024
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် မေလ ၁၄ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း...
May 7, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီနှင့်...
May 2, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင်...
တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်လာကြသူများ
April 6, 2024
မြစ်ကြီးနားမြို့နယ် နဲ့  ဝိုင်းမော်မြို့အတွင်းမှာ စစ်ဘေးတိမ်းရှောင်နေရသူများကို...