အွန်လိုင်း ငွေလိမ်ဂိုဏ်းနှင့် ဆက်နွယ်သည့် UWSA ခေါင်းဆောင် (၂)ဦး ရာထူးက ထုတ်ပယ်ခံရ

အွန်လိုင်း ငွေလိမ်ဂိုဏ်းနှင့် ဆက်နွယ်သည့် UWSA ခေါင်းဆောင် (၂)ဦး ရာထူးက ထုတ်ပယ်ခံရ

တရုတ်နိုင်ငံမှ ဖမ်းဝရမ်းထုတ်ထားသည့် အွန်လိုင်းငွေလိမ်းဂိုဏ်းနှင့်ပတ်သက်ဆက်နွယ်သည့် ‘ဝ’ ပြည် စည်းလုံး ညီညွတ်ရေး တပ်မတော် ( UWSA ) တပ်ဖွဲ့ ခေါင်းဆောင် (၂)ဦး ကို ရာထူးက ထုတ်ပယ်လိုက်သည်။

အဆိုပါ နှစ်ဦးသည် တရုတ်နိုင်ငံ၏ ဥပဒေကို ချိုးဖောက်ခဲ့ပြီး ‘ဝ’ ဒေသ နှင့် အိမ်နီးချင်းနိုင်ငံ၊ နိုင်ငံတကာ ဆက်ဆံ ရေးကို ထိခိုက်စေသည့်အတွက် UWSA တပ်ဖွဲ့ က အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ပယ်လိုက်ကြောင်း တရားဝင် စာထုတ်လိုက်သည်။

“ဒီသတင်းက မှန်ပါတယ်။ ကျနော်တို့ ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ” ဟု လားရှိုး  UWSA ၏ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုသူ ၂ဦးသည် ‘ဝ’ ပြည် နှင့် အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုနှင့် ဆက်ဆံရေးကို ထိ ခိုက်စေသဖြင့် ရာထူးမှု ထုတ်ပယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အွန်လိုင်း ငွေလိမ်ဂိုဏ်များနှင့် ပတ်သက်ဆက်နွယ်သည်ဟု ယူဆသည့် UWSA ၏ ဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်း နှင့် မိုင်းလင်းခရိုင်မှူး အိုက်ဟော့တို့ ဖြစ်ပြီး၊ ထိုသူ ၂ဦးကို ဖမ်းမိပါက တရုတ်ယွမ် တစ်သိန်းမှ ငါးသိန်း အထိ ဆုကြေးပေးမည်ဟုလည်း တရုတ်နိုင်ငံဘက်မှ ယခုလ (အောက်တိုဘာလ ၁၂)ရက်နေ့ တွင် ဖမ်း ဝရမ်းထုတ်ခဲ့သည်။

ယခုလပိုင်းအတွင်း မြန်မာ - တရုတ် နယ်စပ်တလျှောက် ကိုးကန့် ဒေသ၊ ‘ဝ’ ဒေသ နှင့် မူဆယ်မြို့ နယ်အတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို တရုတ်၊ မြန်မာ၊ ထိုင်း (၃) နိုင်ငံပူးပေါင်းကာ ဖမ်းဆီးမှု ပြုလုပ်နေခြင်း ဖြစ်သည်။

ယခုလ (အောက်တိုဘာလ) ၁၆ ရက်နေ့တွင်လည်း မြန်မာနယ်စပ် တလျှောက်တွင် အွန်လိုင်း ငွေလိမ်ဂိုဏ်း နှင့် ဆက်စပ်သည့် သံသယရှိသူ အယောက် ၄၆၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

February 16, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို...
February 14, 2026
သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်)...
February 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့်...
February 12, 2026
အမည်မသိလက်နက်ကိုင်ဖမ်းဆီးသွားသည့် သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာ ဒေသခံ (၄)...