လုံးခင်း တိုက်နယ်ဆေးရုံကြီးရဲ့ အမိုးအကာတွေ ခိုးယူခံနေရ

လုံးခင်း တိုက်နယ်ဆေးရုံကြီးရဲ့ အမိုးအကာတွေ ခိုးယူခံနေရ

ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ လုံးခင်းတိုက်နယ်ဆေးရုံကြီးရဲ့ အမိုးအကာတွေနဲ့ ပရိဘောဂ ပစ္စည်းတွေ ခိုးယူခံနေရတာကြောင့် ကုန်သလောက်ဖြစ်နေပြီလို့ လုံးခင်းရွာခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းနောက်ပိုင်း ဆရာဝန်တွေနဲ့ သူနာပြုတွေ CDM ပြုလုပ်သွားတာကြောင့် ပိတ်ခဲ့ရတဲ့ လုံးခင်း တိုက်နယ်ဆေးရုံကြီးရဲ့ အကာတွေနဲ့ သွပ်အမိုးတွေကို မူးယစ်ဆေးသမားတွေက ခိုးယူပြီး ရောင်းစားနေတာ ကြောင့် လက်ရှိ အဲ့ဒီဆေးရုံကြီးဟာ လုံးဝပျက်စီးသွားတဲ့ အနေအထားကို ရောက်သွားပြီလို့ ပြောပါတယ်။

လုံးခင်းကျေးရွာနေ အမျိုးသားတစ်ဦးက “အဓိကတော့ မူးယစ်ဆေးဝါးသမားတွေ များလာတဲ့ အကျိုးဆက်ပေါ့ အဲ့မှာက ညစောင့်လည်း မထားတာကြာပြီလေ။ အဲ့နောက် တဖြည်းဖြည်းချင်းနဲ့ ခိုးယူနေတာ။ အခုက ဘာမှ မကျန်သလောက်ပဲ ပျက်စီးသွားတာ” လို့ KNG ကို ပြောပါတယ်။

တိုက်နယ်ဆေးရုံကြီးဟာ ၂၀၂၁ ခုနှစ်လောက်ကတည်းက ပိတ်ခဲ့ရတာဖြစ်ပြီး အစပိုင်းက အစောင့်ထားပေမယ့် နောက်ပိုင်း အစောင့်ထားတာမျိုး မရှိတော့တာကြောင့် မူးယစ်ဆေးသမားတွေ ဆေးသုံးတဲ့ နေရာ အဖြစ် အသုံးပြုလာကြတဲ့အပြင် ပစ္စည်းတွေကိုပါ ခိုးယူဖျက်ဆီးနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

“အဲ့ဆေးရုံကြီးပေါ့ ပင်မအဆောင်ထဲကဟာတွေကော ဝန်ထမ်းအိမ်ယာတွေကော နောက် ဆေးရုံ အဆောင် သီးသန့်တစ်ခုရှိတယ်။ အဲ့ဒီကတော့ အကုန်ခိုးဖြုတ်နေတာ ဖျက်စီးတဲ့ဟာက ဖျက်ဆီးပေါ့။ သူတို့က ညဘက်တွေ မှာပဲ ခိုးတော့ လူတွေမသိလိုက်ရဘူးဗျ” လို့ လုံးခင်းကျေးရွာနေ အခြားဒေသခံတစ်ယောက်က ပြောပါတယ်။

လုံးခင်းတိုက်နယ်ဆေးရုံဟာ လုံးခင်းဂေါက်ကွင်း အနီးမှာရှိပြီး ကုတင် ၅၀ ကျော်ဆံ့တဲ့ တိုက်နယ်ဆေးရုံကြီး ဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ မူးယစ်ဆေးဝါးသမားတွေက တစ်နေ့ထက် တစ်နေ့ ပိုပိုများလာနေတာကြောင့် အများပိုင် ပစ္စည်းတွေ ခိုးယူခံနေရသလို ပြည်သူတွေရဲ့ နေအိမ်ထဲထိဝင်ပြီး ဆိုင်ကယ်ခိုးယူတာနဲ့ တန်းဖိုးကြီး ပစ္စည်းတွေ ဖောက်ထွင်းခံနေရတဲ့အပြင် လမ်းသွားလမ်းလာတွေလည်း မကြာခဏ လုယက် သတ်ဖြတ်ခံနေ ရပါတယ်။

Most read this week

ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...
မြစ်ကြီးနားမြို့နယ် သစ်သျှူးငှက်ပျောခြံအတွင်း သေနတ်ထိမှန် သေဆုံးခဲ့သည့် တရုတ်အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ပရဟိတ လူမှုကူညီရေးအသင်းများကို ရဲအရေးပိုင် မှုခင်းများနှင့်...
မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...