မုန်လိုင်ခက်တိုက်ခိုက်ခံရမှုထဲ ဆေးကုသနေတဲ့ကလေးတွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုတွေ လိုအပ်နေ

မုန်လိုင်ခက်တိုက်ခိုက်ခံရမှုထဲ ဆေးကုသနေတဲ့ကလေးတွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုတွေ လိုအပ်နေ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဌာနချုပ် လိုင်ဇာမြို့၊ မုန်လိုင်ခက် တိုက်ခိုက်ခံရချိန် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လသားအရွယ် ကလေးတစ်ဦး အပါအဝင် ဆေးကုသနေတဲ့ ကလေးတွေအတွက် ကူညီထောက်ပံ့မှုတွေ လိုအပ် နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်တပ်က အားပြင်းဗုံးနဲ့ ပစ်ခတ်တိုက်ခိုက် ခံခဲ့ရတဲ့အတွက် စစ်ဘေးရှောင် ၂၉ ဦးနဲ့ ကလေးသူငယ်အပါအဝင် ထိခိုက်ဒဏ်ရာပြင်းထန်တဲ့ အရပ်သားပြည်သူ ၅၇ ဦး ရှိခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။

“အခုအဲ့တစ်လသားလေးက သူ့အဒေါ်ရဲ့နို့စို့နေရတာ သူ့အဒေါ်ကလည်း ဒီရက်ပိုင်းဘဲမီးဖွား ထားတော့ သူ့ အဒေါ် နို့စို့နေတယ်။ လောလောဆယ်တော့ အဲလိုဖြေရှင်းနေရတယ်။အဓိကတော့ ကလေးတွေအတွက် နို့ဗူးတွေ ပြီး တော့ လသားအရွယ်ရဲ့အထက်က ၂ ယောက် ရှိတယ်။ အဲဒီ ၂ ယောက်ကလည်း ဒဏ်ရာပြင်းထန်ရထားတယ်။ အဲတော့ကလေးတွေအတွက် လိုအပ်တာတော့အများကြီးရှိတယ်။သူတို့အမေက သူတို့ကိုကွယ်ပေးရင်း ပွဲချင်း ပြီးသေဆုံးသွားတာ” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်ခံရမှုထဲ အပြစ်မဲ့ စစ်ဘေးရှောင် ပြည်သူတွေ ထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရမှု ကြောင့် မိခင်သေဆုံးပြီး ကျန်ရစ်ခဲ့တဲ့ သား ၃ ဦးဟာ အသက် ၉ နှစ်အရွယ်တစ်ဦးနဲ့ အသက် ၄ နှစ်အရွယ် တစ်ဦး၊ တစ်လသားအရွယ်တစ်ဦးအပြင် နောက်ထပ်ကလေးသူငယ် ၄ ဦးကတော့ မိဘတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီထဲက အသက် ၄ နှစ်အရွယ်တစ်ဦးက လက်တစ်ဖက်ကျိုးထားတယ်လို့ သိရပြီး အရေးပေါ်ခွဲစိတ်ကုသဖို့ လိုအပ်နေကာ လက်ရှိဆေးရုံမှာဆေးကုနေသူ ကလေးသူငယ် စုစုပေါင်း ၇ ဦးအထိရှိတယ်လို့ သူက ဆက် ပြော ပါတယ်။

“လသားအရွယ်က သူ့အမေရဲ့ခန္ဓာကိုယ်အောက်မှာဖွက်ထားသလိုဖြစ်နေတော့ ဘာမဖြစ်ဘူး။ သားအလတ် ဖြစ် တဲ့ ၄ နှစ်အရွယ်က လက်တစ်ဖက်ကျိုးထားတယ်။ သူတို့အိမ်ကတော့ တစ်စစီဖြစ်သွားပြီ အဲကလေးတွေကို ဘယ်လိုပြောရမလဲ မာတဲ့ဟာတစ်ခုခုက ကာထားလို့အသက်ရှင်တာ” လို့ စစ်ရှောင်ကူညီသူက ပြောပါတယ်။

မိခင်သေဆုံးပြီး ကျန်ရစ်ခဲ့တဲ့ ညီအစ်ကို ၃ ဦးမှာ အဖေရှိတယ်လို့ သိရပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်လို့ မရသေးဘူးလို့ ဆိုပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့၊ ည လေကြောင်းပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က မဟုတ် ကြောင်းငြင်းဆိုထားပါတယ်။

“ဖြစ်နိုင်ရင် အဲ့ငြင်းနေတဲ့စစ်တပ်က လာကြည့်ပါလို့ပဲ ပြောချင်တယ်။ ကျနော်တို့ ထမင်စားတဲ့ သူတွေပါ။ လက် နက်ကြီးရဲ့အားက ဒီလောက်ထိ မပြင်းဘူးဆိုတာ ကျနော်တို့သိတယ်။ ပြီးတော့ တချို့ကပြောကြတယ် လေယာဉ် သံမကြားဘူး။ ဘယ်ကြားမလဲ ညသန်းခေါင်လေ လူတွေအိပ်မောကျနေချိန် ခုအသက်ရှင်ကျန်နေတဲ့သူတွေထဲမှာ လေယာဉ်သံကြားတယ်လို့ပြောတဲ့သူတွေလည်း အများကြီးရှိပါတယ်” လို့ မုန်လိုင်ခက် စစ်ရှောင်ပြည်သူ တစ်ဦး က ပြောပါတယ်။

KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီး နော်ဘူကတော့ စစ်တပ်ရဲ့ ငြင်းဆိုမှုဟာ မမှန်ကန်ကြောင်းနဲ့ ယခုဖြစ်စဉ်ဟာ စစ်တပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ သတင်းမီဒီယာတွေကို ဖြေဆိုထားပါတယ်။

January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...
January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...