နာရေးကူညီမှု အယောင်ဆောင်များကြောင့် ဖားအံဒေသတွင်း လူမှုကူညီရေးလုပ်ဆောင်သူများ အခက်တွေ့နေ

နာရေးကူညီမှု အယောင်ဆောင်များကြောင့် ဖားအံဒေသတွင်း လူမှုကူညီရေးလုပ်ဆောင်သူများ အခက်တွေ့နေ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်တွင် ဒေသအတွင်း နာရေးကူညီမှု၊ လူမှုကယ်ဆယ်ရေးအသင်း ယာဉ်များ အသုံးပြု ပြီး စစ်ကောင်စီတပ်နှင့် ပူးပေါင်းလုပ်ကိုင်သူများကြောင့် အသွားအလာ အကူအညီပေးရာတွင် အခက်တွေ့နေရ ကြောင်း နာရေးကူညီမှုအသင်းဝင်များက ပြောသည်။

ရန်ကုန်-ဖားအံ လမ်းမကြီးပေါ်တွင် စစ်တပ်က နာ/ကူကား အယောင်ဆောင် ဝစ်သောက်ကား (လိုင်စင်မဲ့) သယ်ပို့ခြင်း၊ စစ်ရေးလှုပ်ရှားမှု နေရာရွှေ့ပြောင်းခြင်း၊ လက်နက်ခဲယမ်း ပို့ဆောင်ခြင်းများတွင် နာ/ကူကားများ အရောင်း အဝယ်လုပ်သူ၊ ကားပို့ဆောင်သူများနှင့် ပူးပေါင်းပြီး လုပ်‌ဆောင်မှုများ ရှိနေသည်။

ထို့ကြောင့် ဒေသတွင်းက နာ/ကူကားများ အနေနှင့်သက်ဆိုင်ရာ နယ်မြေအတွင်းရှိ တော်လှန်ရေးအဖွဲ့များကို ဆက်သွယ် သတင်းပို့ပြီးမှ သွားလာကြရန် ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်က သထုံ/ဖားအံမိတ်ဘက် တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

ထိုသို့ မိတ်ဖက်တော်လှန်ရေးအဖွဲ့များ ထုတ်ပြန်ပြီးနောက်ပိုင်း ဖားအံမြို့က နာရေး ကူညီမှုအသင်းများ ဒေသ အတွင်း အသွားအလာ အကူအညီပေးရာတွင် သတိထား သွားလာနေရကြောင်း ဖားအံမြို့က နာ/ကူ အသင်းဝင် တစ်ဦးက ကေအိုင်စီကို ပြောသည်။

“အခုက စစ်တပ်နဲ့ ပူးပေါင်းပြီး စီးပွားရေးလုပ်စားသူတွေက နာရေးကူညီမှုအသင်း ဟန်ပြထောင်ထားတယ်။ လိုင်စင်မဲ့ နာရေးကူညီတဲ့ကားတွေ တခြားနယ်တွေ ဝစ်သောက်ပို့တယ်။ စစ်တပ်က သယ်ခိုင်းတာ ပို့ခိုင်းတာတွေ၊ ပို့ကူပေးရင်းကားတွေ အရောင်းအဝယ် လုပ်နေကြတာ၊ အခုတော်လှန်ရေးအဖွဲ့တွေက နာ/ကူကားနဲ့ အကာ အကွယ်ယူ စစ်ရေးလုပ်ဆောင်နေတာတွေကို စစ်ဆေးအရေးယူသွားမယ် ဆိုတဲ့ ထုတ်ပြန်ချက်ထွက်လာပြီးတော့ မြို့ခံအစစ်အမှန် နာရေးကူညီမှု၊ လူမှု ကယ် ဆယ်ရေး အသင်းတွေအခက်တွေ့ကုန်တယ်” ဟု ပြောသည်။

ထို့အပြင် ဖားအံစစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းကဒေသ၊ ကျေးရွာများအလိုက် ကူညီပေးနေသည့် လူမှုကယ်ရေး အသင်းများအပေါ် ဒေသတွင်း စစ်‌ရေးနိုင်ငံရေး ကိစ္စများတွင် စစ်ကောင်စီနှင့် ပူးပေါင်းကူညီလုပ်ဆောင်ပေးရန် စည်းရုံးပြောဆိုမှု၊ ဖိအားပေးကန့်သတ်မှုများ ရှိလာသည်။

ထို့ကြောင့် ဆေးရုံ၊ ဆေးခန်းမှ လူနာသယ်ပို့ရသည့်ကိစ္စ၊ နာရေးကူညီရသည့်ကိစ္စ၊ လူမှုကယ်‌ဆယ်ရေး လုပ် ဆောင်ရသည့် ကိစ္စများတွင် စစ်တပ်နှင့် အုပ်ချုပ်ရေးဌာနကို သတင်းပို့ဆက်သွယ်ပြီးမှ သွားလာ ကူညီရသည့် အခြေအနေဖြစ်လာနေကြောင်း ဆိုသည်။

ဖားအံမြို့ နယ်အတွင်းက ကျေးရွာအခြေစိုက် နာရေးကူညီမှု/ လူမှုကယ်ရေး အသင်းဝင်တစ်ဦးက “စစ်ကောင်စီ အုပ်ချုပ်‌ချုပ်ရေးပိုင်းကလည်း ကျနော်တို့ အဖွဲ့တွေကို သူတို့ကို ကူညီဖို့ ၊ သူတို့နဲ့ပူးပေါင်းဖို့ စည်းရုံးတယ်။ မြို့ပေါ် မှာဖြစ်တဲ့ ပေါက်ကွဲမှု၊ ပစ်ခတ်မှုတွေမှာ ထိခိုက်သေဆုံးသူတွေကို အကူအညီပေးပြီးရင် သတင်းတွေကို အပြင် ကို မပေါက်ကြားဖို့ မပြောဖို့ ပိတ်ပင်တားမြစ်တာ တွေလည်းရှိတယ်။ အခုက မြို့ပေါ်မှာ လူမှုရေးအသင်း လုပ် တာ ဖြစ်ပေမယ့် မလွတ်လပ်တော့ဘူး၊ လုပ်ရကိုင်ရ ကူညီရတာတွေက အကန့်အသတ် နဲ့ ဖြစ်လာတယ် ”ဟု ပြောသည်။

လက်ရှိတွင် ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မြဝတီ မြို့လိုင်စင်မဲ့ ကားဈေးကွက်တွင် လူနာတင်ကားနှင့် လူနာတင်ကားပုံစံ ပြောင်းအသုံးပြု၍ရသည့် ကားအမျိုးအစားများ အရောင်းအဝယ် ကောင်းနေပြီး စစ်တပ် လက်အောက်ခံ စစ်သား၊ ရဲသား၊ စစ်တပ်ဌာနဆိုင်ရာဝန်ထမ်းများက အဆိုပါ နာ/ကူကားများကို မောင်းနှင်ပို့ ဆောင်သည့် လုပ်ငန်းဖြင့် ဝင်ငွေကောင်းနေကြကြောင်း လိုင်စင်မဲ့ကား အရောင်း အဝယ်လုပ်သူများ ပြောဆိုကြ သည်။

Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...
March 31, 2026
အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရုံဖြင့် လစဉ်ဝင်ငွေရမည်ဟု မက်လုံးပေး ငွေရင်းနှီးခိုင်းသည့်...