မြဝတီတွင် သေနတ်ပစ်ခတ်ခံရမှုကြောင့် KBZ ဘဏ်ဝန်ထမ်းတစ်ဦး သေဆုံး

မြဝတီတွင် သေနတ်ပစ်ခတ်ခံရမှုကြောင့် KBZ ဘဏ်ဝန်ထမ်းတစ်ဦး သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် သေနတ်ပစ်ခံရမှုကြောင့် ကမ္ဘောဇဘဏ်ခွဲ၏ အကြီးတန်း မန်နေဂျာတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဘဏ်ဝန်ထမ်းများက ပြောသည်။

သေဆုံးသွားသူမှာ ဦးတင်မောင်အေးဖြစ်ပြီး ဘဏ်မှနေအိမ်သို့ပြန်လာစဥ် အောက်တိုဘာလ ၂ ရက်နေ၊ ညနေ ၅ နာရီကျော်အချိန် အမှတ်(၄) ရပ်ကွက်၊ တောရကျောင်းလမ်းနှင့် မေတ္တာ(၃)လမ်းထောင့်တွင် အမည်မသိ သေနတ် သမားနှစ်ဦး၏ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“ဘဏ်ကနေ အိမ်ပြန်လာတုန်း တောရကျောင်းလမ်းနဲ့ မေတ္တာ ၃ လမ်းထောင့်အရောက်မှာ ဆိုင်ကယ်နဲ့ လူနှစ် ယောက် လာပြီး သေနတ်နဲ့ပစ်သွားတာ။ နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်” ဟု မြဝတီမြို့ KBZ ဘဏ် ဝန်ထမ်း အသိုင်းအဝိုင်းမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဦးတင်မောင်အေးတွင် ဝဲနားအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ ယာပါးကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက် ဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းကို မြဝတီမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ပစ်ခတ်ခဲ့သူများအား လူသတ်မှုအပြင် လက်နက်ကိုင်ဆောင်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း မြဝတီမြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ပုဂ္ဂိုလ်ရေး ရန်ငြိုးနဲ့ ပစ်ခတ်ခံရတာဖြစ်နိုင်တယ်။ အခြားဘာအကြောင်းမှ မရှိပါဘူး။ ပစ်ခတ်သွားတဲ့သူတွေကို လူသတ်မှုနဲ့ရော လက်နက်ကိုင်ဆောင်မှုနဲ့ပါ အမှုဖွင့်ထားတယ်” ဟု ၎င်းက ပြောသည်။

သို့သော်လည်း ပစ်ခတ်ခဲ့သူများမှာ မည်သူမည်ဝါဆိုသည်ကို မသိရသေးပေ။

ယင်းဖြစ်စဉ်ကြောင့် မြဝတီမြို့ အဝင်အထွက်နေရာနှင့် အမှတ်(၁) နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားတို့၌ စစ်ကောင် စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF)တို့က ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

“အခုက မြို့ထဲမှာ စစ်တပ်ကော BGF ကောရှုပ်နေတယ်။ ဘယ်သွားသွား အစစ်ခံနေရတယ်။ ညပိုင်းဆိုလည်း ဧည့်စာရင်းစစ်တာဆိုတော့ အဆင်မပြေဘူး။ မြို့ထဲက ထွေအုပ်ရုံးကလည်း ဗုံးသီးချခံရတာ မကြာသေးဘူး။ အခုကထပ်ပြီး ပစ်ခတ်ခံရတာဆိုတော့ မြို့ထဲကလူတွေ ကြောက်လန့်နေကြတယ်” ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် သေနတ်အသေးစားများကို အလွယ်တကူ ဝယ်ယူနိုင်ပြီး အမည်မသိလက်နက်ကိုင်များ ပေါများလာကြောင်း မြို့ခံများက ပြောဆိုကြသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...