ရသေ့တောင်က ဆရာမ အသတ်ခံရမှုတွင် ထွက်ပြေးသွားသည့် သံသယရှိသူကို ပြန်ဖမ်းမိ

ရသေ့တောင်က ဆရာမ အသတ်ခံရမှုတွင် ထွက်ပြေးသွားသည့် သံသယရှိသူကို ပြန်ဖမ်းမိ

ရခိုင်ပြည်၊ ရသေ့တောင်မြိုနယ် ပန်းဖော်ပြင်ကျေးရွာအနီး ဆရာမတစ်ဦး အသတ်ခံရသည့်အမှုတွင် ထွက် ပြေးသွားခဲ့သည့် သံသယရှိသူ ဦးမောင်‌မောင်အေးကို ယနေ့ (စက်တင်ဘာ ၂၆ ရက်နေ့) နေ့လည်ပိုင်းက ပြန်လည်ဖမ်းမိခဲ့သည်။

“ဦးမောင်မောင်အေးကို ဒီနေ့ အေအေတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးရမိတာပါ။ ဒါပေမဲ့ သူ့ကို ဘယ်နေရာမှာ ထိန်းသိမ်း ထားလည်းဆိုတာ မသိရဘူး” ဟု ULA/AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆရာမ အသတ်ခံရသည့်အမှုကို ULA/AA က စစ်ဆေးလျက်ရှိရာ အဓိက သံသယရှိသူ နှစ်ဦးထဲမှ မောင်မောင် အေး ဆိုသူမှာ စက်တင်ဘာလ ၁၉ ရက်နေ့၊ ည ၉ နာရီခန့်တွင် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုထားသည်။

ထိုသို့ ထွက်ပြေးလွတ်မြောက်သွားသူ ဦးမောင်မောင်အေးကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ဦးခိုင်သုခကလည်း ယနေ့ အသိပေးပြောဆိုထားသည်။

“အခုလို ပြန်လည်ဖမ်းဆီးရမိနိုင်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ တာဝန်သိဒေသခံ အာရက္ခပြည်သူတွေကို အထူးပင်ကျေးဇူးတင်ရှိပါတယ်” ဟု ၎င်းကပြောသည်။

ပေါက်တောကျေးရွာမှ အသက် ၃၇ နှစ်အရွယ် ဆရာမ ဒေါ်နှင်းယုနွယ်သည် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်း တွင် ၎င်းနေထိုင်ရာကျေးရွာမှ တာဝန်ကျရာ ပန်းဖော်ပြင်ကျေးရွာသို့ စာပြရန်သွားစဉ် လမ်းခုလတ်တွင် လည်လှီး အသတ်ခံခဲ့ရသည်။

အဆိုပါ အမှုတွင် အနီးပတ်ဝန်းကျင်မှ သံသယရှိသူ ၆ ဦးထက်မနည်းကို ULA/AA တပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ ကြ သည်။

ထိုသို့စစ်ဆေးနေစဉ် ဆရာမနှင့် တရွာတည်းနေသည့် မောင်မောင်အေး ဆိုသူမှာ ထွက်ပြေးသွားသဖြင့် လိုက်လံ ရှာဖွေစဉ် ယနေ့နံနက်ပိုင်းက ၎င်း၏ဆွေမျိုးနေအိမ်တွင် ပြန်လည် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

အသတ်ခံခဲ့ရသည့် ဆရာမ၏ မိသားစုဝင်များက ကျူးလွန်သူ အစစ်အမှန်ကို အထောက်အထားများနှင့် အမြန် ဆုံး ဖော်ထုတ်ပေးရန် တောင်းဆိုထားကြသည်။

မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...