ရသေ့တောင်က ဆရာမတစ်ဦး အသတ်ခံရမှုတွင် အဓိက သံသယရှိသူတစ်ဦး ထွက်ပြေးလွတ်မြောက်သွား

ရသေ့တောင်က ဆရာမတစ်ဦး အသတ်ခံရမှုတွင် အဓိက သံသယရှိသူတစ်ဦး ထွက်ပြေးလွတ်မြောက်သွား

ရခိုင်ပြည်၊ ရသေ့တောင်မြိုနယ် ပန်းဖော်ပြင်ကျေးရွာအနီးအတွင် ဆရာမတစ်ဦး အသတ်ဖြတ်ခံခဲ့ရသည့်အမှုကို ULA/AA က ကိုင်တွယ်လျက်ရှိပြီး အမှုတွင် အဓိက သံသယရှိသူတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ၎င်း၏ telegram အကောင့်တွင် ရေးသားထားသည်။

“စစ်ဆေးနေတဲ့အချိန်မှာ တာဝန်ကျတပ်ဖွဲ့ဝင်တွေ ပေါ့ဆမှုကြောင့် အဓိကသံသယရှိတဲ့သူ ၂ ယောက်ထဲက မောင်မောင်အေးဆိုတဲ့ တစ်ယောက်ဟာ ၁၉ ရက်နေ့ ည ၉ နာရီလောက်မှာ ထွက်ပြေးလွတ်မြောက်သွားတာ” ဟု ဦးခိုင်သုခက ရေးသားထားသည်။

လက်ရှိတွင် ထွက်ပြေးလွတ်မြောက်သွားသည့် သံသယရှိသူ မောင်မောင်အေးအား အမြန်ဆုံး ပြန်လည် ဖမ်းဆီး ရန်နှင့် အမှုမှန်ပေါ်ပေါက်ရန် ကြိုးပမ်းနေကြောင်းလည်း ၎င်းကဆိုသည်။

ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တော ကျေးရွာသားတစ်ဦးက “ဖြစ်တဲ့နေ့ကတော့ မောင်မောင်အေးကို ပေါက်တောရွာမှာဘဲ စစ်ဆေးတယ်။ ဒီအတိုင်း အေးအေးဆေးဆေးစစ်တာ၊ ကြိုးတွေဘာတွေ ချည်တာလည်း ဘာမှမရှိဘူး။ ပေါက်တောမှာ တစ်ရက်စစ်ပြီးတော့ တခြားနေရာကိုခေါ်သွားတာ။ သံသယရှိတဲ့သူလို့သာ ပြော တာ။ ထွက်မပြေးအောင် လုပ်ထားတာ မတွေ့ရဘူး” ဟု ပြောသည်။

အသက် ၃၇ နှစ်အရွယ် ဆရာမ ဒေါ်နှင်းယုနွယ်သည် စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ၎င်းနေထိုင်ရာ ပေါက်တောကျေးရွာမှ တာဝန်ကျရာ ပန်းဖော်ပြင်ကျေးရွာသို့ စာပြရန်သွားစဉ် လမ်းခုလတ်တွင် အသတ်ခံခဲ့ရ ခြင်းဖြစ်သည်။

ဆရာမအသတ်ခံရသည့် အမှုတွင် ကျူးလွန်သူ အစစ်အမှန်အား အမြန်ဆုံးဖော်ထုတ်ပေးရန် မိသားစုဝင်များနှင့် တက်ကြွလှုပ်ရှားသူများက တောင်းဆိုထားသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...