မှတ်ပုံတင်ခွင့်ရရှိထားသည့် ရခိုင်ကပါတီများ၏ ပါတီဝင်စာရင်း သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိဟု ပြည်နယ် ရွေး/ကော်ပြော

မှတ်ပုံတင်ခွင့်ရရှိထားသည့် ရခိုင်ကပါတီများ၏ ပါတီဝင်စာရင်း သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိဟု ပြည်နယ် ရွေး/ကော်ပြော

မှတ်ပုံတင်ခွင့်ရရှိထားသည့် ရခိုင်က နိုင်ငံရေးပါတီများ၏ ပါတီဝင် အင်အားစာရင်းများကို စစ်ဆေးရာတွင် သတ် မှတ်ချက်များနှင့် မကိုက်ညီသည့် ပါတီဝင်များကို တွေ့ရကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိ သူများက ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း စည်းရုံးရရှိထားသည့် သတ်မှတ်ပါတီဝင်ဦးရေ စာရင်းကို သက်ဆိုင်ရာသို့ ပေးရမည်ဖြစ်သည်။

အဆိုပါစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စစ်ဆေးရာတွင် လဝကမှပေးပို့သည့် အချက် အလက်များနှင့် ကိုက်ညီမှုမရှိဖြစ်နေသည်။

“အဓိကတော့ မှတ်ပုံတင်ခွင့်ရထားတဲ့ ပါတီတွေ တင်ပြလာတဲ့ ပါတီဝင်စာရင်းတွေနဲ့ ကျနော်တို့မှာရှိတဲ့ စာရင်း တွေက ကွဲလွဲနေတယ်။ ဒါတွေကို စစ်ဆေးသွားမှာပါ။ အဲဒါတွေကိုပဲ သူတို့နဲ့ဆွေးနွေးပြီးတော့ ဘယ်နေ့ အပြီး လုပ်မယ်ဆိုတာကို ဆုံးဖြတ်သွားမယ်” ဟု ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံး အရာရှိ ဦးသူရိန်ထွဋ် က‌ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်နှင့် ပါတီတာဝန်ရှိသူများသည် စက်တင်ဘာလ ၂၆ ရက်နေ့တွင် တွေ့ဆုံရန်ရှိကြသည်။

မြိုတိုင်းရင်းသားပါတီ ဥက္ကဌ ဦးအေးထွန်းက “အဓိကတော့ ကျနော်တို့တင်ပြထားတဲ့ ပါတီဝင်စာရင်းတွေကို သူ တို့စစ်ဆေးတဲ့အခါ မှတ်ပုံတင်နဲ့ လူက ကွဲလွဲမှုရှိတယ်ဆိုပြီးတော့ အကြောင်းကြားလာတယ်” ဟု DMG သို့ ပြော သည်။

စစ်ကောင်စီက အသစ်ပြဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅-စ အရ မှတ်ပုံတင်ခွင့် ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦး ရေ အနည်းဆုံး ၁၀၀၀၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံး မည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို လည်းကောင်း စည်းရုံးရမည်ဖြစ်သည်။

ယင်းအပြင် ရက်ပေါင်း ၁၈၀ အတွင်း သတ်မှတ်မြို့နယ်များတွင် ပါတီရုံးခန်းများကို ဖွင့်လှစ်ရမည်ဖြစ်သည်။

ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ ဥက္ကဌ ဦးအေးကြိုင်က “အခု အစည်းအဝေးခေါ်တယ်ဆိုတာကလည်း ကွဲလွဲနေတဲ့ ပါတီဝင်နာမည်တွေ၊ မှတ်ပုံတင်တွေကို စစ်ဆေးဖို့အတွက် ခေါ်ယူတာဖြစ်တယ်လို့မြင်တယ်။ ကျ နော်တို့ ပါတီအနေနဲ့ကတော့ ပါတီဝင်စာရင်းတွေကို ကွဲလွဲမှုမရှိအောင် အသေးစိတ်စစ်ဆေးနေတယ်” ဟု ပြော သည်။

ရခိုင်မှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ရခိုင်ပြည်က ပါတီ ၆ ခုရှိပြီး ရခိုင်အမျိုးသားပါတီမှလွဲ၍ ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ၊ မြိုတိုင်းရင်းသား ပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီနှင့် ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှာ မှတ်ပုံတင်ခွင့် ရရှိထား ပြီ ဖြစ်သည်။

လာမည့်ရွေးကောက်ပွဲကို မည်သည့်အချိန်တွင် ပြုလုပ်မည်ကို စစ်ကောင်စီက တိတိကျကျ ပြောဆိုထားခြင်း မရှိ သေးပေ။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...