မြဝတီ-ကော့ကရိတ် အာရှလမ်းတစ်လျှောက် တစ်လအတွင်း စစ်ကောင်စီ ၃၁ ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာရ

မြဝတီ-ကော့ကရိတ် အာရှလမ်းတစ်လျှောက် တစ်လအတွင်း စစ်ကောင်စီ ၃၁ ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာရ

ကော့ကရိတ်-မြဝတီအာရှကုန်သွယ်ရေးလမ်းတစ်လျှောက်တွင် တစ်လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင် ၃၁ ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာ ခရိုင်က သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ အာရှလမ်းကို ပြန်လည်ပြုပြင်ရန်အကြောင်းပြ၍ စစ်ကောင်စီတပ်မှ စစ်ရေး လှုပ်ရှားမှုပြုလုပ် သဖြင့် ကေအဲန်ယူ တပ်မဟာ(၆)၊ တပ်ရင်း(၁၈) ပူးပေါင်းတပ်ဖွဲ့နှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲနှင့် ပြောက်ကျား တိုက်ခိုက်မှု များ ၁၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၃၆ ဦးသေဆုံးကာ ၃၁ ဦး ဒဏ်ရာရရှိသလို စစ်သုံးကား (၇)စီးလည်း ပျက်စီးခဲ့ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော့ကရိတ်-မြဝတီအာရှိလမ်း၊ တောနော်ရေတံခွန်နားတွင် မြေပြို၍လမ်းပျက်စီးပြီးနောက် လမ်းပြု ပြင်ရန် အကြောင်းပြ၍ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲသည့်အတွက် ရွာသားများထွက်ပြေးတိမ်း ရှောင်ခဲ့ရပြီး ယခု အချိန်ထိ ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးကြောင်း လမ်းမဘေးရှိ ရွာသစ်ကုန်းရွာသားများက ပြောသည်။

ရွာသားတစ်ဦးက “လမ်းပျက်တော့ စစ်ကောင်စီတပ်တွေတက်လာပြီး ရွာနားမှာ တော်လှန် ရေးတပ်ဖွဲ့နဲ့ ပစ်ခတ် မှု ထပ်ဖြစ်တော့ ရွာသားတွေအားလုံး တိမ်းရှောင်နေရတယ်။ စစ်ကောင်စီ တပ်တွေအခုထိရွာမှာ တပ်စွဲထား တုန်းပဲ။ ရွာသားအချို့ အခုထိရွာထဲပြန်လာ‌ နေမရဲဘဲ တိမ်းရှောင်နေရတုန်းပဲ” ဟု ပြောသည်။

ကော့ကရိတ်-မြဝတီ အာရှကုန်သွယ်ရေးလမ်းသည် စစ်ကောင်စီတပ်၏ အုပ်ချုပ်မှုယန္တရားများ တည်တံ့ ခိုင်မြဲ ရေးအတွက် ထောက်တိုင်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း မိသားစုဝမ်းရေးအတွက် သော်လည်းကောင်း၊ စီးပွားရေးအတွက် သော်လည်းကောင်း ၎င်းဖြစ်စဉ်များကို သိရှိနားလည်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်၏ အသက်သွေးကြောဖြစ်သော ယန္တရားများကို ဆန့်ကျင့်သော ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံးနှင့်အတူ ပူးပေါင်းပါဝင်ပေးရန် လိုအပ်ကြောင်း ဒူးပလာယာခရိုင် ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

၎င်းတစ်လတာအတွင်း ထိတွေ့တိုက်ပွဲနှင့်ပြောက်ကျားတိုက်ခိုက်မှုတွင် KNLA တပ်ရင်း(၁၈)နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ (၄)ဦး ကျဆုံးပြီး မစိုးရိမ်ရသည့် ဒဏ်ရာရရှိသူ ၁ ဦးရှိကြောင်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...
April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...