ရခိုင်မှာ ကဏန်းပျော့လုပ်ငန်းများ အောင်မြင်နေ၍ ဒေသခံများ အလုပ်အကိုင်ရရှိနေ

ရခိုင်မှာ ကဏန်းပျော့လုပ်ငန်းများ အောင်မြင်နေ၍ ဒေသခံများ အလုပ်အကိုင်ရရှိနေ

ရခိုင်ပြည်အတွင်းက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ ဂွမြို့နယ်တို့တွင် စီးပွားဖြစ်မွေးမြူနေကြသည့် ကဏန်း ပျော့လုပ်ငန်းများ အောင်မြင်မှုရှိနေကြပြီး ဒေသခံများမှာလည်း အလုပ်အကိုင်အခွင့်အလမ်း ရရှိနေကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာအနီးရှိ KY88 ကုမ္ပဏီမှ မွေးမြူလုပ်ကိုင်နေသည့် ကဏန်းပျော့ လုပ်ငန်းမှာ အောင်မြင်နေပြီး ဒေသခံ ၁၀၀ ခန့်ကို အလုပ်အကိုင်ပေးထားနိုင်ကြောင်း သိရသည်။

KY88 ကုမ္ပဏီတွင် လုပ်ကိုင်နေသည့် မအေးနုက “ပင်ပင်ပန်းပန်းတော့ မလုပ်ရဘူး။ သက်တောင့် သက်သာပါဘဲ။ လစာတွေကလည်း နိုင်ငံခြားတွေမှာလို မရရင်တောင် ဒီမှာအတိုင်းအတာနဲ့ အဆင်ပြေပါတယ်။ မိသားစုကို လည်း ထောက်ပံ့ပေးနိုင်တယ်။ ကျမတို့မိသားစုက လယ်လုပ်တော့ မြေဆီလိုရင် မြေဆီ၊ ရေနံဆီလိုရင် ရေနံဆီ၊ စားဖို့သောက်ဖို့လည်း ပေးနိုင်တယ်” ဟု ပြောသည်။

KY88 ကုမ္ပဏီသည် ဒေသတွင်းမှထွက်ရှိသော ကဏန်းအမာကောင်များကို ဝယ်ယူကာ ကဏန်းပျော့ဖြစ်လာ အောင် မွေးမြူနေခြင်းဖြစ်သည်။ လက်ရှိတွင် ကဏန်းကောင်ရေ တစ်သိန်းခြောက်သောင်းအထိ မွေးမြူထား သည်ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

KY88 ကုမ္ပဏီ ကဏန်းပျော့လုပ်ငန်းတာဝန်ခံ ဒေါ်စိုးစိုးဝေက “ကဏန်းအမာ တစ်ကောင်ကို ခွက်နဲ့ ကန်ထဲထည့် ပြီး သုံးရက်တစ်ခါ အစာကျွေးတယ်။ ကဏန်းတွေ အသား ပြည့်လာတဲ့အခါ သူ့အလိုလို ထွက်လာတာပါ။ ဝန်ထမ်းတွေကတော့ နှစ်နာရီတစ်ခါစီ စောင့်ကြည့်ပေးရတယ်” ဟု ပြောသည်။

ကဏန်းပျော့ မမွေးမြူမီ ဦးစွာ ရေကန်ကို ဖား၊ ငါး စသည့်တို့မရှိအောင် သန့်ရှင်းရပြီး ယင်းနောက်မှ ကဏန်း အမာကောင်များကို ခွက်နှင့်ထည့်ကာ ရေသွင်း၊ ရေထုတ်စနစ်ဖြင့် ကဏန်းပျော့ဖြစ်လာရန် အနည်းဆုံး ရက် ပေါင်း ၃၀ မှ ၄၅ ရက်အထိ အချိန်ယူမွေးမြူရခြင်း ဖြစ်ကြောင်း အဆိုပါလုပ်ငန်းကို လုပ်ကိုင်နေသူများက ပြော သည်။

ကဏန်းပျော့ကို တင်ပို့ရောင်းချရန် အကောင်လိုက်နှင့် ကလီစာများရှင်းပြီးဟု နှစ်မျိုးခွဲ၍ထုတ်ပိုးကာ အအေး ခန်းတွင် သိမ်းဆည်းပြီးနောက် ရန်ကုန်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေခြင်းလည်း ဖြစ်သည်။

ဒေသတွင်း စီးပွားရေးလုပ်ငန်းများ အဆင်ပြေနေသောကြောင့် ဒေသခံများအနေဖြင့်လည်း ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေကြသည်။

“ဒီလုပ်ငန်းတွေရှိတော့ နိုင်ငံခြားတွေကို သွားစရာမလိုဘူးလေ။ ဒီမှာ အတိုင်းအတာတစ်ခုထိ အဆင်ပြေတယ်။ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ ဒီလိုလုပ်ငန်းတွေ တိုးတက်လာတော့ တက်လမ်းတွေအများကြီးဘဲ လူငယ်တွေအတွက်” ဟု KY88 ကုမ္ပဏီတွင် လုပ်ကိုင်နေသည့် ဦးငြိမ်းသန်းမောင်က ပြောသည်။

ရခိုင်ပြည်အတွင်း အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် ပြည်ပထွက်ခွာမှုမှာ နှစ်စဉ် မြင့်တက်လျက်ရှိနေ သဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အာဏာပိုင်များအနေဖြင့် ပြည်တွင်း စက်ရုံ၊ အလုပ်ရုံများကို တိုးချဲ့ဖော် ဆောင်ပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ပုံစာ - ပုဏ္ဏားကျွန်းမြို့နယ်ရှိ KY88 ကုမ္ပဏီမှ မွေးမြူလုပ်ကိုင်နေသည့် ကဏန်းပျော့လုပ်ငန်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...