က်လက်မြို့နယ် ဖိုးဝင်းတပ်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

က်လက်မြို့နယ် ဖိုးဝင်းတပ်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဖိုးဝင်းတပ်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူတဦး အား သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

စက်တင်ဘာလ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်သည် ထိုကျေးရွာမှ အိမ်ခြေ ၁၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသားတဦးအား ဓားစာခံအဖြစ်ခေါ်ဆောင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

"လက်ရှိ ဝက်လက်မြို့နယ် အရှေ့ခြမ်း အခြေနေကတော့ စစ်ကြောင်း ခြောက်ကြောင်းလောက်က ဝိုင်းပတ် ထိုး နေတာပါ။ ပြည်သူ ထောင်ချီ မိုးရွာရွာ နေပူပူ အတိုင်းသား စစ်ရှောင်နေရတာ အချို့ရွာတွေဆို စစ်ရှောင်နေတာ တလနီးပါးရှိနေပါပြီ" ဟုဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်ကပြောကြားသည်။

စစ်ဘေးရှောင် ထောင်ချီအတွက် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနှင့်ဓာတ်ဆားများလည်း လိုအပ်နေကြောင်းသူက ဆက်ပြောသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် သြဂုတ်လအတွင်းမှစတင်ကာ ဝက်လက်မြို့နယ်အတွင်းတွင် မီးရထား သံလမ်းဘေး တလျှောက်အထိုင်ချခြင်း၊ ကင်းပုန်းချခြင်းများပြုလုပ်ခဲ့ပြီး အနီးအနားကျေးရွာများအား ဝင်ရောက် ပစ်ခတ်ခြင်း မီးရိူ့ဖျက်ဆီးခြင်းများပြုလုပ်နေသောကြာင့် သုံးဆင့်ကန်၊ ထန်းကြီး၊ ပေါက်ကန်၊ ခက်ခ၊ စမွန်း၊ ကျွန်းဦးတော၊ ပဒူ နှင့် ညောင်ပင်ကြီးတောစသည့် ကျေးရွာများမှ ပြည်သူထောင်ချီ စစ်ဘေး ဆက်လက်ရှောင် နေကြရသည်။

စစ်ကောင်စီတပ်များသည် စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဝက်လက်မြို့နယ် အရှေ့ခြမ်း ပေါက်ကန် ကျေးရွာရှိ ပြည်သူပိုင် အိမ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးနေကြောင်း Wetlet Informational Network က သတင်း ထုတ်ပြန်သည်။

ပေါက်ကန်ရွာကို စစ်ကောင်စီတပ်မှ နံနက် ၉ နာရီမှ စတင်ကာ နေ့လည် ၁၂ နာရီ အထိမီးရိူ့ခဲ့ပြီး ထိခိုက် ပျက်စီး မှုကို သိရှိခြင်းမရှိသေးကြောင်းလည်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံက သိရသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...