အင်ငါးခွသကြားစက်၏ ကြံစိုက်ပျိုးရေးတာဝန်ခံ ဗိုလ်ကြီးဟောင်း ပစ်ခတ်ခံရ၍သေဆုံး

အင်ငါးခွသကြားစက်၏ ကြံစိုက်ပျိုးရေးတာဝန်ခံ ဗိုလ်ကြီးဟောင်း ပစ်ခတ်ခံရ၍သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့တွင် ဗိုလ်ကြီးဟောင်း သန်းဝင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံးကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၆၀၂) ထံမှ သိရသည်။

ဗိုလ်ကြီးဟောင်းသန်းဝင်းသည် ယာခင်းဘက်မှ ၎င်းနေထိုင်ရာ ချောင်းဂွကြီး ရေထိမ်းတမံချက် (၂) နဲ့ (၃) ကြားရှိ ဦးပိုင်ရုံးဝန်းသို့ပြန်လာစဉ်တွင် ရုံးဝန်း၏မြောက်ဘက်၌ သေနတ်ဖြင့် နှစ်ချက် ပစ်ခတ်ခံရခြင်းဖြစ်သည်။

၎င်းသည် လက်ရှိတွင် ပေါက်ခေါင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဦးပိုင်ကုမ္ပဏီပိုင် အင်ငါးခွသကြားစက်မှ ကြံစိုက် ပျိုးရေး တာဝန်ခံအဖြစ် လုပ်ကိုင်လျက်ရှိသူဖြစ်သည်။

စစ်ကောင်စီ၏ ဦးပိုင်ကုမ္ပဏီပိုင် အင်ငါးခွသကြားစက်မှ ကြံစိုက်ပျိုးရေး တာဝန်ခံဖြစ်သူ ဗိုလ်ကြီးဟောင်း သန်းဝင်သည် စက်တင်ဘာ ၇ ရက်နေ့ ညနေ ၄ နာရီခန့်က ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ဗိုလ်ကြီးဟောင်း သန်းဝင်းသည် ဦးပိုင်၌ ဝင်ရောက်လုပ်ကိုင်သည့် ၂၀၁၂ ခုနှစ်တွင် တောင်သူပိုင် လယ်ယာမြေ များကို ပလပ်၍ စိုက်ခင်းများကို ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း PDF တပ်ရင်း (၃၆၀၂)၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့အပြင် လစဉ် စစ်ကောင်စီတပ်သားများ၊ ရဲများနှင့်အတူ ဦးပိုင်ရုံးအနီးရှိ တံတားအနီးတွင် ဂိတ်ချ၍ ဆိုင်ကယ် မောင်းနှင် ဖြတ်သန်းသွားလာနေသော လူငယ်များအား ဖမ်းဆီး၍ PDF ဟုစွပ်စွဲကာ ငွေညှစ်လေ့ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ဆိုသည်။

"သူ့ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ပြည်သူတွေနဲ့ ဒီနယ်မှာနေထိုင်သူတွေရဲ့ သတင်းပေးတိုင်ကြားချက်တွေအရ လုပ် ဆောင်တာပါ" ဟု PDF တပ်ရင်း (၃၆၀၂)၏ သတင်းပြန်ကြားရေးတာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဒေသတွင်း စစ်ကောင်စီတပ်နှင့် ရဲများမှ စစ်ဆေးမှုများပြုလုပ်နေကြောင်း လည်း ဒေသတွင်းသတင်းရင်းမြစ်များထံမှသိရသည်။

May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...