မြန်မာစစ်တပ်က စစ်ပွဲ အနိုင်မရနိုင်ဟု တီမောသမ္မတ ပြော

မြန်မာစစ်တပ်က စစ်ပွဲ အနိုင်မရနိုင်ဟု တီမောသမ္မတ ပြော

မြန်မာနိုင်ငံက စစ်တပ်သည် နိုင်ငံ၏ ၃၀ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်ပြီး ပြည်သူများကို ဆန့်ကျင်သည့် စစ်ပွဲ၌ အနိုင်ရလိမ့်မည် မဟုတ်ကြောင်း တီမောသမ္မတ ဂျိုစေးရာမို့စ် ဟော်တာက ပြောသည်။

လွန်ခဲ့သော နှစ်နှစ်က အမျိုးသားရေး ရန်သူများကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း ယနေ့ အခါ တွင်မူ ပြည်သူနှင့် စစ်တပ်ကြား စစ်ပွဲဖြစ်ပွားနေခြင်းပဲ ဖြစ်သည်ဟု စက်တင်ဘာ ၅ ရက်က ထုတ်ပြန်သည့် Al Jazeera နှင့် အင်တာဗျူး၌ ၎င်းက ပြောခြင်း ဖြစ်သည်။

မြန်မာ့အရေး၌ အာဆီယံသည် ပတ်သက်မှု နည်းပါးလာပြီလားဆိုသော အမေးအား တီမောသမ္မတက အာဆီယံ သည် ဆက်လက်၍ အရေးပါနေဦးမည်ဖြစ်ပြီး မြန်မာနိုင်ငံက အခြေအနေအား တည်ငြိမ်အောင် နောက်ဆုံးတွင် စွမ်းဆောင်နိုင်လိမ့်မည်ဟု ပြောဆိုသည်။

စစ်တပ်အား စစ်တန်းလျား ပြန်ပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီ ရပိုင်ခွင့်များအား လေးစားရန် ဒီမိုကရေစီကို ဖော်ထုတ်ရန်၊ အကျဉ်းသားများ လွှတ်ပေးရန်နှင့် အရပ်သားများအား သတ်ဖြတ်နေခြင်းများ ရပ်တန့်ရန် ဖျောင်း ဖျရာတွင် အရေးနိမ့်ခြင်းအား အာဆီယံကို အပြစ်မဆိုသင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းသည် ယူကရိန်းက စစ်ပွဲနှင့် ထို ပဋိပက္ခကို ကုလသမဂ္ဂက မဖြေရှင်းနိုင်ခြင်းအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအား အပြစ်မတင်နိုင်သကဲ့သို့ နည်းတူဖြစ်ကြောင်း ၎င်းက ပြောသည်။

ရိုဟင်ဂျာများအား တိုက်ခိုက်ခြင်းများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယခင်က နှုတ်ဆိတ်နေခဲ့ခြင်း နှင့် ပတ်သက်ပြီးလည်း ရိုဟင်ဂျာများအား တိုက်ခိုက်ခြင်းများ လုပ်ဆောင်ရာတွင် စစ်တပ်၌ တာဝန်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် စစ်တပ်အပေါ် အာဏာသက်ရောက်မှု သို့မဟုတ် ထိန်း ချုပ်နိုင်မှု လုံးဝ မရှိကြောင်း တီမောသမ္မတက ပြောသည်။

သူ့၏ အစိုးရအနေဖြင့် ၂၀၂၅ တွင် အာဆီယံသို့ ဝင်ရောက်နိုင်ရေးအတွက် အတော်လေး ကြိုးပမ်းနေကြောင်း လည်း ၎င်းက ပြောသည်။

တီမောအစိုးရက အမျိုးသားညီညွတ်ရေးအစိုးရနှင့် မကြာခဏ ဆက်သွယ်ဆွေးနွေးမှုများ လုပ်ဆောင်သည့် နောက်တွင် စစ်ကောင်စီသည် တီမော သံရုံးတာဝန်ခံအား ဩဂုတ်လအတွင်းက နိုင်ငံမှ နှင်ထုတ်ခဲ့သည်။

မြန်မာစစ်တပ်၏ ယင်း ဆုံးဖြတ်ချက်ကို တီမောအစိုးရက ရှုတ်ချပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည် ထွန်း ကားရေးအတွက် ထောက်ပံ့သွားမည်ဖြစ်ကြောင်း ထပ်လောင်း ပြောဆိုသည်။

ထို့ပြင် မြန်မာပြည်သူများနှင့် တသားတည်း ရှိနေကြောင်း ဖော်ပြလျက် စစ်ကောင်စီအနေဖြင့် လူ့အခွင့်အရေးကို လေးစားရန်နှင့် အကျပ်အတည်းအား ငြိမ်းချမ်းစွာဖြင့် အပြုသဘောဆောင် ဖြေရှင်းရေး ကြိုးစားရန် တိုက်တွန်း လိုက်သည်။

March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...