ပါတီခေါင်းဆောင်နှစ်ဦး လွတ်မြောက်ရေး ကြိုးပမ်းနေကြောင်း ဒေါက်တာအေးမောင်ပြော

ပါတီခေါင်းဆောင်နှစ်ဦး လွတ်မြောက်ရေး ကြိုးပမ်းနေကြောင်း ဒေါက်တာအေးမောင်ပြော
ဖမ်းဆီးခံထားရသော AFP ပါတီခေါင်းဆောင် ဦးကျော်ဇောဦး(ဝဲ) နှင့် ဦးကျော်လွင်(ယာ)။ ဓာတ်ပုံ - AFP
ဖမ်းဆီးခံထားရသော AFP ပါတီခေါင်းဆောင် ဦးကျော်ဇောဦး(ဝဲ) နှင့် ဦးကျော်လွင်(ယာ)။ ဓာတ်ပုံ - AFP

ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထားသည့် ပါတီ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦး လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က DMG သို့ ပြောသည်။

AFP ပါတီ ဒု-ဥက္ကဋ္ဌ ဦးကျော်ဇောဦးနှင့် အကြံပေး ဦးကျော်လွင်တို့အား ပြန်လွှတ်ပေးရေးအတွက် လာမည့် စက်တင်ဘာလ ၉ ရက်နေ့ ဆရာတော် ဦးဥတ္တမနေ့တွင် Statement ထုတ်ပြန်တောင်းဆိုသွားမည်ဟု ပါတီ ဥက္ကဋ္ဌက ပြောသည်။

“မြန်မာနိုင်ငံရေး အခင်းအကျင်းမှာပဲ ဖြစ်ဖြစ်၊ ရခိုင်နိုင်ငံရေး အခင်းအကျင်းမှာပဲ ဖြစ်ဖြစ် နိုင်ငံရေး ပါတီတွေရဲ့ ကဏ္ဍဟာ လိုအပ်ဆဲဖြစ်တဲ့အတွက် ဥာဏ်ရည်မြင့်မားတဲ့ နိုင်ငံရေးပါတီတွေနဲ့အတူ ဆောင်ရွက်ဖို့ နိုင်ငံရေး ခေါင်းဆောင်တွေ လိုအပ်တယ်။ ဒါတွေကိုလည်း ULA/AA ဖက်က သဘောပေါက်စေချင်တယ်” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ရက္ခိုင့်တပ်တော် (AA) က ဦးကျော်လွင်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး၊ ဦးကျော်ဇောဦးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် စစ်ရေးကာလတွင် ပြည်သူများ စိတ်ဝမ်းကွဲပြားပြီး ဇဝေဇဝါဖြစ်အောင် ရေးသားမှုများရှိခဲ့၍ ခေါ်ယူမေးမြန်းခြင်း ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဦးကျော်ဇောဦးမှာ ယနေ့အချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ် မရရှိသေးဘဲ ဦးကျော်လွင်မှာ မိသားစုနှင့် ဖုန်းအဆက်အသွယ် ရှိကြောင်း မိသားစုဝင်များက ပြောသည်။

ဦးကျော်လွင်၏သမီး မနှင်းဝေဝေက “ဖုန်း အဆက်သွယ်ကလည်း အဖေဆက်လာမှ ပြောရတာ။ လူချင်းတွေ့ ရတာတော့ မရှိဘူး။ မိသားစုဝင်တွေကတော့ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်” ဟု ပြောသည်။

ဦးကျော်ဇောဦး၏ဖခင် အမျိုးသားလွှတ်တော်အမတ်ဟောင်း ဦးဝေစိန်အောင်က “သားနဲ့က အဆက်သွယ် လုံးဝ မရှိဘူး။ ဖုန်းလည်းတစ်ခါမှ မဆက်ဘူး။ သူ့အခြေအနေကလည်း သွားကတည်းက မသိလိုက်ဘူး။ ခိုင်သုခတို့ ပြောမှပဲ သိတယ်။ သူ့ကို ဖမ်းထားတဲ့ပုံစံလား၊ ဘယ်လိုပုံစံလဲ မသိဘူး၊ အေးအေးချမ်းချမ်းလို့တော့ ကြားတယ်။ ခိုင်သုခတို့ပြောတဲ့ဟာမှာလည်း ဆွေးနွေးစရာရှိလို့ ခေါ်ထားတယ်လို့ ပြောတယ်။ ထိန်းသိမ်းထားတယ်လို့ မပါ ဘူး။ ထိန်းသိမ်းထားတယ်ဆိုရင်တော့ ပြန်လွှတ်ပေးရမှာဖြစ်တယ်” ဟု ပြောသည်။

ရခိုင့်ဦးဆောင်ပါတီသည် ပါတီခေါင်းဆောင်နှစ်ဦး လွတ်မြောက်ရေးအတွက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ပါတီ နှင့် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာ ကာဝါ ထံလည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသေးသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...