ရခိုင်တွင် ဖမ်းဆီးခံရသည့် Myanmar Now ဓာတ်ပုံသတင်းထောက်ကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ချ

ရခိုင်တွင် ဖမ်းဆီးခံရသည့် Myanmar Now ဓာတ်ပုံသတင်းထောက်ကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ချ
Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်။ ဓာတ်ပုံ - Myanmar Now
Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်။ ဓာတ်ပုံ - Myanmar Now

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဖမ်းဆီးခံလိုက်ရသည့် Myanmar Now သတင်းဌာန ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက စက်တင်ဘာ ၆ ရက်နေ့ တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ် လိုက်သည်။

ကိုစိုင်းဇော်သိုက်မှာ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်၏ မြေပြင် အခြေအနေများကို သတင်းယူရန်အတွက် မေ ၂၃ ရက်နေ့တွင် ရသေ့တောင်သို့သွားစဉ် စစ်တွေမြို့နယ် စစ်တပ်နယ်မြေတွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

မုန်တိုင်းဒဏ်သင့် ပြည်သူများအခက်အခဲကို တင်ပြရန်အတွက် သတင်းသွားယူသည့် သတင်းထောက်ကို ဖမ်းဆီး ပြီး နှစ်ရှည် ထောင်ဒဏ်ချများ မှတ်ခြင်းမှာ လုံးဝမဖြစ်သင့်ကြောင်း သတင်းသမားများက ဝေဖန်ကြသည်။

“သတင်းထောက်တွေဟာ ပြည်သူတွေ သတင်းအချက်အလက်အမှန် သိပိုင်ခွင့်အတွက် သူ့အလုပ်ကို သူလုပ်နေ တာ ဖြစ်ပါတယ်။ ဒီလို မတရားဖမ်းဆီးပြီး ထောင်ဒဏ်နှစ်ရှည် ချမှတ်လိုက်တာကို ကန့်ကွက်တယ်။ ဒါဟာ စစ် အာဏာရှင်တွေရဲ့ မတရားမှုတွေ၊ မြေပြင်အခြေအနေအမှန်တွေကို ဖုံးကွယ်ချင်တာကြောင့် အကြောက်တရား တွေ ကြီးစိုးလာအောင် လုပ်ပြတာလို့မြင်တယ်” ဟု Border News Agency အယ်ဒီတာချုပ် ဦးကောင်းမြတ်နိုင်က ပြောသည်။

ကိုစိုင်းဇော်သိုက်ကို ဖမ်းဆီးပြီးနောက် စစ်တွေနှင့် ရန်ကုန် စစ်ကြောရေးစခန်းများတွင် တစ်ပတ်ကျော်ကြာ စစ် ဆေးခဲ့ပြီး တောင်ဒဂုံမြို့နယ် တရားရုံးတွင် ရမန်ယူကာ ဇွန်လလယ်ပိုင်းတွင် အင်းစိန်ထောင်သို့ ပို့လိုက်ပြီး သဘာ ဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၂၇၊ နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပ ဒေပုဒ်မ ၅၀၅-က၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆-ဃ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုဆိုင်ရာ ဥပဒေပုဒ်မ - ၁၂၄ တို့ဖြင့် တရားစွဲခဲ့ခြင်း ဖြစ်ကြောင်း Myanmar Now က ထုတ်ပြန်ထားသည်။

ကိုစိုင်းဇော်သိုက် ဖမ်းဆီးခံရပြီး သုံးလကျော်ကြာချိန်အထိ တောင်ဒဂုံတရားရုံးတွင် ရမန်ယူသည်မှအပ မည် သည့် တရားခွင်စစ်ဆေးမှုမျှ မရှိခဲ့ကြောင်း၊ မိသားစုဝင်များဘက်မှ ခုခံချေပခွင့်၊ ရှေ့နေလိုက်ခွင့် မပြုခဲ့ဘဲ အင်းစိန်ထောင်တွင်း ပထမဆုံးရုံးချိန်းတွင် စစ်ခုံရုံးက အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း  Myanmar Now က ဆို သည်။

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ဦးဆွေဝင်းက “အခုလို ကိုစိုင်းကို ထောင်ဒဏ်နှစ်ရှည်ကြီး ချမှတ် တာ ကြားရတဲ့အတွက် ကျနော်နဲ့ Myanmar Now အဖွဲ့သားအားလုံး စိတ်ထိခိုက်ကြေကွဲပါတယ်။ သူဟာ ကျနော် တို့နဲ့ ၂၀၁၇ ကတည်းက လက်တွဲပြီး အလုပ်လုပ်နေခဲ့သူပါ။ ကျနော်တို့အဖွဲ့က ရေးသားခဲ့တဲ့ အရေးကြီး သတင်း တွေ မှန်သမျှမှာ ကိုစိုင်းဟာ အသက်အန္တရာယ်ကို မငဲ့ဘဲ အမြဲပဲ ရှေ့တန်းကနေ သတင်းယူခဲ့သူပါ” ဟု ပြော သည်။

မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက သတင်းထောက်များကို ဖမ်းဆီးမှု ပိုမိုများပြားနေ ပြီး မိသားစုနှင့်တွေ့ခွင့်မပေးဘဲ ထောင်ချခြင်းမှာ လုံးဝမဖြစ်သည့် လုပ်ရပ်ဖြစ်ကြောင်း နောက်ထပ် သတင်း ထောက်တစ်ဦးက ပြောသည်။

“Myanmar now က သတင်းထောက်ကို မိုခါပြီးတဲ့နောက်မှာ ဖမ်းပြီးရင် မိသားစုနဲ့တောင် တွေ့ခွင့်မပေးဘဲ ထောင်ချလိုက်တယ်။ ဒီဟာက သူတို့ရဲ့ မတရားလုပ်နေတဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မှာကြောက်လို့ပေါ့” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသော သတင်းသမားများ စာရင်းကို ပြုစုထားသည့် Detained Journalists Group ၏ စာရင်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ ၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့ အထိ သတင်းသမား ၁၅၆ ဦး ဖမ်းဆီးခံရပြီး ၄ ဦး အသတ်ခံရသည်။

လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်းမှ အကျဉ်းထောင်များတွင် ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်း သမား ၅၀ ခန့် ကျန်ရှိနေသေးသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...