မီဒီယာကို စောင့်ကြည့်အရေးယူရန် စစ်ခေါင်းဆောင် ညွှန်ကြား

မီဒီယာကို စောင့်ကြည့်အရေးယူရန် စစ်ခေါင်းဆောင် ညွှန်ကြား
ရန်ကုန်မြို့ လှည်းတန်းတွင်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မြင်ကွင်း
ရန်ကုန်မြို့ လှည်းတန်းတွင်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မြင်ကွင်း

မီဒီယာများအား စောင့်ကြည့်အရေးယူမှုများ တိုးမြင့်သွားမည့် ညွှန်ကြားချက်တစ်ခုကို စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားလိုက်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် စစ်ခေါင်းဆောင်က  ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံနှင့်လူမျိုး၏ အမျိုးသားရေးစရိုက်လက္ခဏာများနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် လုပ် ဆောင်မှုများ မရှိစေရေးအတွက် စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက် စသည့်နယ်ပယ်များအလိုက် သက်ဆိုင် ရာ ဝန်ကြီးဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ်သွားရန်” ဟု စစ်ခေါင်းဆောင်က ပြောသွား ခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းမီဒီယာ ၁၀ ခုကျော်ကို လိုင်စင်ပိတ်သိမ်းခြင်းနှင့် သတင်း ထောက်များကို ဖမ်းဆီးခြင်း၊ စာပေတိုက်အချို့ကို ပုံနှိပ်ထုတ်ဝေခွင့် ပိတ်သိမ်းခြင်းများပြုလုပ်ခဲ့သည့် အပြင် ပုံနှိပ်ထုတ်ဝေရေး ဥပဒေကိုလည်း ပြင်ဆင်ခဲ့သည်။

စစ်ကောင်စီက ၎င်းတို့အား ဝေဖန်ပြောဆိုသူများကို ဖိနှိပ်မှုများလုပ်ဆောင်နေပြီး လျှပ်စစ်မီးပျက်၍ စစ်ခေါင်း ဆောင်နှင့် စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနကို ဝေဖန်ခဲ့သည့် တေးသံရှင် ဗျူဟာကို ထောင်ဒဏ် နှစ်၂၀ ချမှတ်ခဲ့သည်။

စစ်ကောင်စီကြောင့် သတင်းမီဒီယာ လွတ်လပ်ခွင့် လုံးဝဆုံးရှုံးနေပြီး နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF)၏ ၂၀၂၃ ခုနှစ် မေလက ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ တွင် အောက်ဆုံး ၁၀ နိုင်ငံထဲတွင် ပါဝင်နေသည်။

ထို့အပြင် ဂီတ၊ ရုပ်ရှင်ကဏ္ဍတွင်လည်း အနုပညာသမားများ ဖမ်းဆီးခံရခြင်းများ ဆက်လက်ရှိနေပြီး ရုပ်ရှင် ဇာတ်ကား၊ ဇာတ်လမ်းတွဲများကို ခွင့်ပြုချက်ရယူပြီးမှ ပြသရန် ညွှန်ကြားခြင်းများလည်း စစ်ကောင်စီက ပြုလုပ် ခဲ့သည်။

အာဏာသိမ်းပြီးနောက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ထိန်းချုပ်ခံနေရပြီး အွန်လိုင်းမှ ပြောဆိုရေးသားမှု များလည်း စောင့်ကြည့်ခံနေရကာ စစ်ကောင်စီအပေါ် ဝေဖန်ရေးသားသူများ၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့အား ထောက်ခံရေးသားသူများ ဖမ်းဆီးခံနေရသည်။

May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...