မြန်မာအခြေစိုက် သံရုံးအကြီးအကဲများ မွတ်ဆလင်ဒုက္ခသည်စခန်းနှင့် ပြန်လည်လက်ခံရေးစခန်းများသို့ သွားရောက်

မြန်မာအခြေစိုက် သံရုံးအကြီးအကဲများ မွတ်ဆလင်ဒုက္ခသည်စခန်းနှင့် ပြန်လည်လက်ခံရေးစခန်းများသို့ သွားရောက်
သံတမန်အကြီးအကဲများနှင့် သက္ကယ်ပြင် ဒုက္ခသည်စခန်းများမှ တာဝန်ရှိသူများ စက်တင်ဘာ ၁ ရက်နေ့က တွေ့ဆုံစဉ်။ ဓာတ်ပုံ - မြန်မာ့အလင်း
သံတမန်အကြီးအကဲများနှင့် သက္ကယ်ပြင် ဒုက္ခသည်စခန်းများမှ တာဝန်ရှိသူများ စက်တင်ဘာ ၁ ရက်နေ့က တွေ့ဆုံစဉ်။ ဓာတ်ပုံ - မြန်မာ့အလင်း

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ မွတ်ဆလင် ဒုက္ခသည်စခန်းများနှင့် မောင်တောမြို့နယ်ရှိ ပြန်လည်လက်ခံရေး စခန်းများ သို့ မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ အကြီးအကဲများနှင့် သံတမန်များ သွားရောက်လေ့လာခဲ့ကြသည်။

သံရုံး အကြီးအကဲများအဖွဲ့သည် စက်တင်ဘာလ ၁ ရက်နေ့တွင် ရခိုင်သို့ရောက်ရှိလာပြီး စစ်တွေမြို့ရှိ မွတ်ဆ လင်ကျေးရွာအချို့နှင့် သက္ကယ်ပြင် ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့သည်။

သက္ကယ်ပြင်စခန်းကော်မတီဝင် ဦးလှရွှေက “သူတို့ပြောခဲ့တာကတော့ မူလနေရာကို ပြန်သွားနိုင်ရေးနဲ့ နိုင်ငံသား ဖြစ်ခွင့်ရရေးအတွက် လုပ်ဆောင်သွားမယ် ဆိုပြီးတော့ ပြောခဲ့တာရှိတယ်။ ကျနော်တို့ ဒုက္ခသည်တွေက ဘာမှ မတောင်းဆိုလိုက်ရဘူး” ဟု ပြောသည်။

ဒုက္ခသည်စခန်းအတွင်း နေထိုင်သူများမှာ စားဝတ်နေရေးကအစ အခက်အခဲရှိသဖြင့် မူလနေရာကို ပြန်ခွင့်ရရေး နှင့် လွတ်လပ်စွာ သွားလာခွင့်ရရန် လိုအပ်ကြောင်း ဦးလှရွှေက ဆက်ပြောသည်။

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် နေထိုင်ခဲ့ကြသည့် မွတ်ဆလင်များမှာ ၂၀၁၂ ပဋိပက္ခကြောင့် သက္ကယ်ပြင် ဒုက္ခ သည်စခန်းတွင် နေထိုင်နေရခြင်းဖြစ်ပြီး လူဦးရေ သုံးထောင်ကျော် ရှိသည်။

မြန်မာအခြေစိုက် သံရုံးအကြီးအကဲများသည် စက်တင်ဘာလ ၂ ရက်နေ့တွင် ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်း ရှိ တောင်ပြိုလက်ဝဲ၊ လှဖိုးခေါင် ပြန်လည်လက်ခံရေး စခန်းများသို့လည်း သွားရောက်ခဲ့ကြသည်။

ငါးခူးရကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းအောင်က “ဒီနေ့နံနက်ပိုင်းက သံတမန်အကြီးအကဲတွေ ရောက်ပြီး တော့ တောင်ပြိုလက်ဝဲနဲ့ လှဖိုးခေါင် ပြန်လည် လက်ခံရေးစခန်းတွေကို ရောက်ရှိခဲ့တယ်လို့ သိရတယ်။ ငါးခူရ လက်ခံရေးစခန်းကိုတော့ မရောက်လာဘူး” ဟု ဆိုသည်။

သံတမန်အကြီးအကဲနှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ် စစ်ကောင်စီ အတွင်းရေးမှူး ဦးကျော်သူဇော်က မြန်မာ -ဘင်္ဂ လားဒေ့ရှ် နှစ်နိုင်ငံ MoU အရ မြန်မာနိုင်ငံဘက်မှ မွတ်ဆလင်များ ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်ထား သည်များကို ရှင်းပြခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူနှင့် မွတ်ဆလင်ဒုက္ခသည်ဦးရေ ၁,၀၀၀ ကျော်ကို ကနဦး ပြန်လည်လက်ခံရန် စီစဉ် ထားကြောင်း စစ်ကောင်စီက ပြောဆိုထားပြီး မည်သည်နေ့တွင် လက်ခံသွားမည်ကို တိတိကျကျပြောဆိုခြင်း မရှိပေ။

စစ်ကောင်စီက ပြန်လည်လက်ခံရေးစခန်းများကို နိုင်ငံတကာအကြီးအကဲများအား ခေါ်ယူပြသနေခြင်းမှာ လုပ်ရိုး လုပ်စဉ် တစ်ခုဖြစ်ကြောင်း နိုင်ငံရေးသမားတစ်ဦး ဖြစ်သည့် ဦးအောင်သောင်းရွှေက ဆိုသည်။

“NLD အစိုးရလက်ထက်ကလည်း မွတ်ဆလင်တွေ ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာ အကြီးအကဲ တွေကို ခေါ်ပြီးတော့ လုပ်ခဲ့တာပဲ။ ဘာမှထူးခြားတာမရှိဘူး။ အခုလည်း စစ်ကောင်စီက ဒီလိုလုပ်နေတာပဲ။ ဒီဟာက လုပ်ရိုးလုပ်စဉ်တစ်ခုပဲဖြစ်တယ်” ဟု ၎င်းကပြောသည်။

ဆက်လက်ပြီး ဦးအောင်သောင်းရွှေက “ဒီကိစ္စဟာ ရခိုင်အရေးကိစ္စဖြစ်တယ်။ ရခိုင်မှာ အခုက ရက္ခိုင့်တပ်တော် (ULA/AA) နယ်မြေစိုးမိုးမှုတွေ အများကြီးရှိတယ်။ ပြည်သူလူထုထောက်ခံမှုတွေလည်း ရထားတာဆိုတော့ ULA/AA ရဲ့ သဘောထားတွေကို ရယူပြီးမှ မွတ်ဆလင် ပြန်လည်လက်ခံရေးကိစ္စတွေ ဖြစ်လာမယ်လို့ မြင်တယ်” ဟု ပြောသည်။

၂၀၁၇ ခုနှစ် မောင်တောဒေသတွင် ARSA က ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ် က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် မွတ်ဆလင် (၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

မြန်မာအာဏာပိုင်များကတော့ ထွက်ပြေးသွားသည့် မွတ်ဆလင် အရေအတွက်မှာ ၅ သိန်းကျော်သာရှိကြောင်း ထုတ်ပြန်ထားသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...