စင်္ကာပူ UOB ဘဏ်က မြန်မာဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ အားလုံးကို ရပ်နား

စင်္ကာပူ UOB ဘဏ်က မြန်မာဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ အားလုံးကို ရပ်နား
ဓာတ်ပုံ - UOB Group
ဓာတ်ပုံ - UOB Group

စင်္ကာပူနိုင်ငံအခြေစိုက် နိုင်ငံစုံဘဏ်တစ်ခုဖြစ်သည့် United Overseas Bank (UOB) ဘဏ်သည် မြန်မာဘဏ် များနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ရပ်နားလိုက်ပြီဖြစ်ကြောင်း CAN သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာဘဏ်များထံမှ ငွေထုတ်မှု၊ ငွေသွင်းမှုများအားလုံးကို ကန့်သတ်မည်ဖြစ်သလို မြန်မာနိုင်ငံမှ ဗီဇာနှင့် မာစတာကတ်များဖြင့် ငွေပေးချေမှုများကိုလည်း ရပ်နားမည်ဟု သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့နိုင်ငံ အများအပြားသည် မြန်မာ့ဘဏ်လုပ်ငန်းကို ပစ်မှတ်ထားပြီး ဒဏ်ခတ်အရေးယူမှုများ ဆောင်ရွက်နေ သဖြင့် မြန်မာစစ်ကောင်စီသည် ငွေကြေးပြဿနာရပ်များကို ကမ္ဘာတစ်ဝန်း၌ ရင်ဆိုင်နေရသည်။

စင်္ကာပူအခြေစိုက် UOB ဘဏ်သည် အရှေ့တောင်အာရှတွင် တတိယအကြီးဆုံးဘဏ်ဖြစ်ကာ နိုင်ငံပေါင်း ၁၉ နိုင်ငံ၌ ရုံးခွဲပေါင်း ၅၀၀ ကျော် ဖွင့်လှစ်ထားသည်။

UOB ဘဏ်၏ ယခုဆောင်ရွက်ချက်သည် မြန်မာဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်မှုကို ထိထိရောက်ရောက် ရပ်ဆိုင်းလိုက်ခြင်းလည်း ဖြစ်သည်။

UOB သည် မကြာသေးမီကလည်း မြန်မာ့လေကြောင်းပိုင် ဘဏ်အကောင့် ငါးခုလုံးကို ပိတ်သိမ်းခဲ့သည်ဟု CAN သတင်းတွင် ဖော်ပြချက်အရ သိရသည်။

အခြားသော ငွေထုတ်ချေးသည့် အဖွဲ့အစည်းများသည်လည်း UOB ၏ ဆောင်ရွက်ချက်အတိုင်း လိုက်ပါဆောင် ရွက်လာကြဖွယ် ရှိနေသည်ဟု လေ့လာသူများက ပြောသည်။

မြန်မာစစ်တပ်သည် အဆိုပါငွေကြေးများကို လက်နက်ဝယ်ယူရာတွင် အသုံးပြုနေသည်ဟု ကာတင်တက္ကသိုလ်မှ နိုင်ငံတကာစီးပွားရေးပါမောက္ခ ဒေါက်တာထွေးထွေးသိန်းက ပြောသည်။

ဒေါက်တာထွေးထွေးသိန်းက “မြန်မာနိုင်ငံကို ကြည့်လိုက်တာနဲ့ သတိပေးသံတွေ ညံနေပါတယ်။ တချို့ ဘဏ္ဍာ ရေး အဖွဲ့အစည်းတွေဟာ စေ့စေ့စပ်စပ် စစ်ဆေးတာ၊ ဒါမှမဟုတ်လည်း လုံးလုံးလျားလျား ပိတ်ဆို့ပစ်လိုက်တာ မျိုး လုပ်လာကြတော့မှာပါ” ဟု ပြောသည်။

အခြားတစ်ဘက်တွင်လည်း မြန်မာစစ်ကောင်စီသည် နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာရေးအတွက် အသည်း အသန် ကြိုးစားလျက်ရှိသည်။

စစ်ကောင်စီသည် ၂၀၁၄ ငွေကြေးလဲလှယ်မှု ဥပဒေကို လိုက်နာကြရန်လည်း လူထုကို သတိပေးလျက်ရှိသည်။ အဆိုပါဥပဒေအရ ပြည်သူများသည် အမေရိကန်ဒေါ်လာ တစ်သောင်းထက် ပိုသည့် နိုင်ငံခြားငွေကြေးကို ခြောက်လထက်ပို၍ ကိုင်ဆောင်ထားခွင့် မရှိပေ။

စစ်ကောင်စီထိန်းချုပ်ထားသည့် အစိုးရဘဏ်ကလည်း မကြာသေးမီကမှ ၂ သောင်းတန်ငွေစက္ကူများ ရိုက်နှိပ် ထုတ်ဝေထားသည်။

ဓာတ်ပုံ - UOB Group

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...